26 C
Yangon

ထိုင်းနိုင်ငံကို အခြေပြု၍ စစ်ကောင်စီကို တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများကို ထိုင်းက လက်မခံရေး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်ကို တောင်းဆို

Must read

ထိုင်းနိုင်ငံကို အခြေပြု၍ စစ်ကောင်စီကို တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများကို ထိုင်းက လက်မခံရေး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်ကို တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၂

ထိုင်းနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်ကို အခြေပြု၍ စစ်ကောင်စီကို လက်နက်စွဲ ကိုင် တိုက်ခိုက်နေသော တော်လှန်ရေး အင်အားစုများကို ထိုင်းအစိုးရက လက် မခံ ရေးအတွက် အကြမ်းဖက်မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ် နှင့် နိုင်ငံ ခြားရေး ဝန်ကြီးကို တောင်းဆိုကြောင်း သိရှိရသည်။

ဧပြီလ ၂၁ ရက်နေ့ ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Don Pramudwinai နေပြည်တော်သို့ နေ့ချင်းပြန် လာရောက်ပြီး အကြမ်းဖက် မင်း အောင်လှိုင်နှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က အထက်ပါအတိုင်း တောင်းဆို ခြင်းဖြစ်ကြောင်း သိရှိရသည်။

“နှစ်နိုင်ငံတွေ့ဆုံကြတဲ့အထဲမှာ မီးခိုးငွေ့တွေကြောင့် ထိုင်းနိုင်ငံမှာ လေထု ညစ် ညမ်းမှုတွေဖြစ်တယ်။ အဲဒါကို လျှော့ ချ ဖို့ပူးပေါင်းဆောင် ရွက်ရေးပါတယ်။ ဒီဘက်က ပြန်လည်ဆွေးနွေးတဲ့အထဲမှာ PDF ၊ NUG နဲ့ လက်နက်ကိုင် တပ်ဖွဲ့ တွေက နစက ကို လက်နက်ကိုင်တိုက် ခိုက်နေ ကြတဲ့ နေရာမှာ ထိုင်းဘ က် ကနေ လက်နက်တွေ ဝင်နေတာ၊ ထောက်ပို့ လမ်းကြောင်း ဖြစ်နေ တာ၊ နစက ကို တော်လှန်နေ တဲ့သူတွေ ထိုင်းဘက်မှာ ရှိနေတာတွေကို လက် မခံ ထားဖို့ အဲဒါတွေကို ထိုင်းဘက်က လက်မခံဖို့ တောင်းဆိုတယ်။ အာဆီယံ မှာ အင်ဒိုနီး ရှား ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေမှုအပေါ်မှာလည်း အခြေ အနေ တွေနဲ့ ပတ် သက်ပြီး ဆွေးနွေးမှုရှိတယ်လို့ သိရတယ်” ဟု ရန်ကုန် ခေတ်သစ်၏ နေပြည် တော် သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်အာဏာသိမ်းမှုနှင့် မြန်မာပြည်သူများကို သတ်ဖြတ်နေမှုများကြောင့် မြန် မာ အကြမ်းဖက်စစ်ကောင်စီအပေါ် နိုင် ငံ တကာ က စီးပွားရေးပိတ်ဆို့မှု နှင့် အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်နေချိန် ထိုင်းစစ်အစိုးရက မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article