32 C
Yangon

မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်ကို စစ်တပ်က သေဒဏ် အမိန့်ချမှတ်

Must read

မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်ကို စစ်တပ်က သေဒဏ် အမိန့်ချမှတ်

ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်ကို အကြမ်းဖက် စစ်တပ်က သေဒဏ် အမိန့်ချမှတ်ခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ် ကျောင်သားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့တွင် မြောက်ဥက္ကလာမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို အင်းစိန် ထောင်တွင်း စစ်ခုံရုံးက သေဒဏ်အမိန့်ကို ထပ်တိုး ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုကောင်းဆက်ပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၂၂ ကလည်း အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့ဖြင့် ထောင်ဒဏ် တသက်တကျွန်း အမိန့်ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

” ဧပြီ ၂၅ ရက်နေ့မှာ ပုဒ်မ ၅၀ ဈ၊ ၄၉ က တို့နဲ့ သေဒဏ်ချမှတ် ခဲ့တယ်လို့သိရတယ်။ ကျွန်တော့် အနေနဲ့ပြောချင်တာ ဖက်ဆစ်တပ်ကနေပြီး ခုလို ငယ်ရွယ်တဲ့ကျောင်းသား တစ်ယောက်ကို မတရားမိန့်ချတာက ကျောင်းသားထုတစ်ရပ်လုံးကို မထီမဲ့မြင်ပြုတာဖြစ်တယ် စိန်ခေါ်တာဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းသားထုအနေနဲ့ ကတော့ ခုလို ပြစ်ဒဏ်တွေကို တုန်လှုပ်မှာမဟုတ်ဘူး ကြောက်ရွံ့မှာမဟုတ်ဘူး။ သေဒဏ်ဆိုတဲ့ မတရား ပြစ်ဒဏ်က ကျောင်းသားထုရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး လုပ်ငန်းတွေကို ရပ်တန့်လို့ရမှာမဟုတ်ဘူး။ တစ်ချိန်မှာ စစ်အုပ်စုက သူတို့ရဲ့မဆင်မခြင် လုပ်ရပ်တွေအတွက် ကျိန်းသေ ပေးဆပ် ရမယ်။ အလိုဖြစ်အောင်လည်း ကျွန်တော်တို့ အဘက်ဘက်ကနေ လုပ်ဆောင်သွားမယ်လို့ ပြည်သူတစ်ရပ်လုံးကို ပြောချင်ပါတယ်” ဟု မြောက်ဥက္ကလာမြို့နယ် ကျောင်သားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article