- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45177 POSTS
0 COMMENTS

လားရှိုးဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင် လူ ၁ ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၀၀၀၀ ကောက်ခံနေ

ရန်ကုန်၊ ဧပြီ ၁၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဒေသဆိုင်ရာအာဏာပိုင်များက ဦးစီးကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲ၌ ယမန်နေ့ (ဧပြီလ ၁၃ ရက်) သင်္ကြန်အကြိုနေ့ ညပိုင်းမှစတင်ကာ ဂိတ်ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ကောက်ခံနေကြောင်း သိရှိရသည်။ လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံအတွင်းရှိ ဗဟိုမဏ္ဍပ်...

ဖလမ်းမြို့ စစ်တပ်လက်အောက်သို့ ပြန်လည်မကျရောက်စေရန် မဟာမိတ်များနှင့်အတူ လက်တွဲကာ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ တွန်းလှန်နေဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပြော

ရန်ကုန်၊ ဧပြီ ၁၄ ချင်းပြည်နယ်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အနေဖြင့် သိမ်းပိုက်ရရှိထားသော ဖလမ်းမြို့အား အကြမ်းဖက်စစ်ကောင် စီတပ်လက်သို့ ပြန်လည်မကျရောက်စေရန်အတွက် မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲ၍ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံကာ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲနေကြောင်း ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်သော...

ဝမ်းတွင်းနှင့် သရက်ချောင်းတွင် သင်္ကြန်ကာလအထိ စစ်တပ်က လူငယ် ၁၀၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးနေပြီး နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးနေ

ရန်ကုန်၊ ဧပြီ ၁၄ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်နှင့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တို့တွင် ဧပြီလဆန်းပိုင်းမှ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက် နေ့အထိ စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နေအိမ်များထဲအထိ ဝင်ရောက် ဖမ်းဆီးနေကြောင်း​ ဒေသသတင်းရင်းမြစ်များ၊ ဒေသပြည်သူများနှင့် ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မင်းအောင်လှိုင် သမ္မတကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့ နိုင်ငံများ အကြီးအကဲများစာရင်းတွင် မြန်မာနိုင်ငံ အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထား၊ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ကုလသမဂ္ဂက အသိအမှတ်မပြု

ရန်ကုန်၊ ဧပြီ ၁၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ယမန်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံအကြီး အကဲများဆိုင်ရာ နောက်ဆုံးစာရင်းတွင် မြန်မာနိုင်ငံတော် အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထားသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၃ မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁၃ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်သားများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၃ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်သားများကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ်...

နတ်တလင်းမြို့နယ်တွင် ကျေးရွာများကို လိုက်လံ မီးရှို့နေသော စစ်သား ၁ ဦး အရှင်ဖမ်းမိ၊ တနင်္သာရီမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၃ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများကို လိုက်လံ မီးရှို့နေသော အကြမ်းဖက် စစ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာများကို လိုက်လံ မီးရှို့နေသော...

တောင်သာတွင် စစ်တပ်က ပြည်သူများကို မီးရှို့သတ်ဖြတ်ခြင်း၊ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၈ ဦးသေဆုံးကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဧပြီ ၁၃ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို မီးရှို့သတ်ဖြတ်ခြင်း၊ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၈ ဦးသေဆုံးကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၄...

လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ စစ်တပ်၏ ကြယ်ပြောင်ကုန်း စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဧပြီ ၁၃ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ အကြမ်းဖက် စစ်တပ်၏ ကြယ်ပြောင်ကုန်း စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် KNU တပ်မဟာ...

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRA က NUG အစိုးရ၊ ဖက်ဒရယ်ယူနစ်အစိုးရများနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး ပူးပေါင်းလုပ်ဆောင်မည်ဟု SRA ပြောရေး ဆိုခွင့်ရှိသူ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆို

ရန်ကုန်၊ ဧပြီ ၁၃ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRA က အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ဖက်ဒရယ်ယူနစ်အစိုး ရများနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည်ဟုSRA ပြောရေးဆိုခွင့် ရှိသူ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုလိုက်သည်။ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ပြုလုပ်သော ICNCC ကြားကာလ ချင်းအမျိုးသားအတိုင် ပင်ခံကောင် စီ...

Latest news

- Advertisement -spot_img