31 C
Yangon
spot_img

CATEGORY

Editor Choice

ရေစကြိုတွင် စစ်ကောင်စီတပ်က CDM ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ အ ထက်တန်း သူနာပြု ဒေါ်ဇာလီနိုင်၊ ကိုယ်ဝန်သည် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ ၊ မသဲအိအိဝင်း၊ PDF ရဲဘော်ဝူခုန်း တို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

ရန်ကုန်၊ ဇွန် ၁၅ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်များက ဇွန်လ ၁၀ ရက်နေ့ ရေစကြိုပျောက်ကြားတပ်ဖွဲ့ N-YSO စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး CDM ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ အထက်တန်းသူနာပြု ဒေါ်ဇာလီနိုင်၊ CDM ကျောင်း ဆရာမဒေါ်ခင်နှင်းဝေ ၊ မသဲအိအိဝင်း၊ PDF ရဲဘော်ဝူခုန်း...

ရှမ်းတဲလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်၏ ကိုယ်ရေးအရာရှိနှင့် မင်္ဂလာဒုံလေတပ်မှ အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးတို့ကို PDF ထောက် ပံ့သည်၊ ဖရဲသီးလုပ်သည်ဆိုသော စွပ်စွဲချက်များဖြင့် စစ်ဖက်ရေးရာ ထောက် လှမ်းရေးတပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၄ မန္တလေးတိုင်း၊ မိတ္တီလာရှိ ရှမ်းတဲလေတပ်စခန်းမှ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၏ PSO လေတပ်အရာရှိတစ်ဦး၊ မင်္ဂလာဒုံလေတပ်စခန်းမှ အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးတို့ကို PDF ထောက်ပံ့သည်၊ ဖရဲသီးလုပ်၍ သတင်းများ ဖြန့်ချိသည်ဆိုသော စွပ်စွဲချက်များဖြင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ကြောင်း လေတပ် သတင်းရင်းမြစ်က ပြောသည်။ ဇွန်လ...

လုံခြုံရေးစိတ်မချရ၍ ၀ဏ္ဏမောင်လွင်က သမီးအကြီး တင်သစ္စာလွင်ကို ညွှန်ကြားရေးမှူးရာထူးတိုးဖြင့် နေပြည်တော်သို့ ခေါ်ယူ၊ မြောက်ဒဂုံ ၃၁ ရပ်ကွက်ရှိ တင်သစ္စာလွင် နေအိမ်ကို ဗုံးခိုကျင်းပါ ထည့်သွင်းတည်ဆောက်

ရန်ကုန်၊ ဇွန် ၁၃ အကြမ်းဖက် စစ်ကောင်စီတွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ထားသူ ၀ဏ္ဏမောင်လွင်က သူ ၏ သမီးအကြီးဖြစ်သူ ဒေါက်တာတင်သစ္စာလွင်ကို ကျန်းမာရေးဝန်ကြီးဌာနရုံးချုပ်သို့ ညွှန်ကြားရေးမှူး ရာထူးတိုး ဖြင့် နေပြည်တော်သို့ ခေါ်ယူလိုက်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ၀ဏ္ဏမောင်လွင်တွင် ဒေါက်တာတင်သစ္စာလွင်...

ရုရှားက ကုန်တင်လေယာဉ် IL76TD ဖြင့် စစ်လက်နက်ဆိုင်ရာပစ္စည်းများ နေပြည်တော်သို့ လာပို့

ရန်ကုန်၊ ဇွန် ၁၂ ရုရှား Aviacon Zitotrans လေကြောင်း လိုင်း၏ ကုန်တင်လေယာဉ် IL76TD ဖြင့် စစ်လက်နက်ဆိုင်ရာ ပစ္စည်းများကို သယ်ဆောင်လျက် နေပြည်တော်လေဆိပ်သို့ ကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာကြောင်း စစ် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။...

မြစ်ကြီးနား၊ တပ်မတော် တန်းမြင့်သင်တန်းကျောင်းတွင် အရာခံဗိုလ်အောင်သန်းက စစ်သား ၈ ဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင် လွတ် မြောက်

ရန်ကုန်၊ ဇွန် ၁၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် အရာခံဗိုလ် အောင်သန်းက စစ်သား ၈ ဦးကို ပစ်သတ်သွားပြီး သေနတ် ၂ လက်နှင့်အတူ လွတ်မြောက်သွားကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များက...

မြစ်ကြီးနား၊ တပ်မတော်တန်းမြင့်သင်တန်းကျောင်းတွင် အရာခံဗိုလ်အောင်သန်း က စစ်သား ၈ ဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင် လွတ် မြောက်

ရန်ကုန်၊ ဇွန် ၁၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် အရာခံဗိုလ်အောင်သန်းက စစ်သား ၈ ဦးကို ပစ်သတ်သွားပြီး သေနတ် ၂လက်နှင့်အတူ လွတ်မြောက်သွားကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၆...

မကွေးတွင် စေတုတ္တရာ NLD လူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို ဖမ်းမမိ၍ ၁ နှစ်သားအရွယ် သားသည်မိခင် ဇနီးမနှင်းမိုးခိုင်ကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်

ရန်ကုန်၊ ဇွန် ၁၁ မကွေးတိုင်းတွင် စေတုတ္တရာမြို့နယ် NLD လူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို စစ်တပ်က ဖမ်းမမိ၍ ၁ နှစ်သားအရွယ် ကလေးမိခင် ဇနီး မနှင်းမိုးခိုင်ကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။ ဇွန်လ ၁၀ ရက်နေ့တွင်...

ရေစကြို ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF က ဝင်တိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ၊ လက်နက် ၈ လက်၊ ကျည်ဆန် ၁၀၀၀၊ ငွေကျပ် သိန်း ၁၁၀၊ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိ၊ ဂိတ်စခန်းကို မီးရှို့...

ရန်ကုန်၊ ဇွန် ၉ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF က ဝင်တိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိကြောင်း၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ်အဖွဲ့များ...

ကိုဂျင်မီ၊ ကိုဇေယျာသော် အပါဝင် တော်လှန်ရေးရဲဘော်များကို သေဒဏ်စီရင်လျှင် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် စစ်ခေါင်းဆောင်များလည်း သေဒဏ် မလွဲမသေ ပြန်ခံရမည်

အယ်ဒီတာ့အာဘော် အကြမ်းဖက် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ပြည်သူလူထုဘက်မှ တော်လှန် တိုက်ပွဲဝင်နေသော ရဲဘော်များကို ဖမ်းဆီး၍ ဥပဒေမဲ့ သေဒဏ်ချထားမှုများစွာ လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အ သက် ၁၈ နှစ်အောက်...

ဖားဆောင်း၊ ဘောလခဲဖက် ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကား ၄၀ စီးပါ ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကား ၂ စီးနှင့် သေနတ် ၄ လက် ရရှိ

ရန်ကုန်၊ ဇွန် ၃ ကရင်နီပြည်နယ်၊ ဖားဆောင်းနှင့် ဘောလခဲမြို့များရှိ အကြမ်းဖက်စစ်ကောင်စီ ရှေ့တန်းစခန်းများသို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား သေဆုံးကာ အကြမ်းဖက်စစ်တပ်၏ စစ်ကားအကြီး ၂ စီး၊...

Latest news

- Advertisement -spot_img