33 C
Yangon
spot_img

CATEGORY

News

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်တို့တွင် စစ်ကား ၃ စီး မိုင်းခွဲခံရပြီး တစ်စစီဖြစ်ဟုဆို၊ ပိန်းကန်ကျေးရွာရဲစန်းတွင် ပစ်ခတ်မှုဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်တို့တွင် ယနေ့ စစ်ကား ၃ စီး မိုင်း ခွဲခံရပြီး တစ်စီပျက်စီးမှုများ ဖြစ်ပေါ်ကြောင်း၊ ခရမ်းမြို့နယ် ပိန်းကန် ကျေးရွာ ရဲစန်းတွင် ပစ်ခတ်မှုဖြစ်ကြောင်း ခရမ်းPDF သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။...

ပြည်သူကို သတ်ဖြတ်နေသော မင်းအောင်လှိုင်နှင့် စစ်တပ်လုပ်ရပ်ကို လက်မခံနိုင်တော့၍ CDM လုပ် စွန့်ခွာ လာသော ပြည်ဘက်တော်သား ပထမဆုံးသော လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ နေပြည်တော်၊အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်း ဆောင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀) မှ ဗိုလ်ကြီးဇေသူအောင်သည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO - Local PDF) ထံ ၂၀၂၂ခုနှစ်၊...

ချင်းပုန်းရွာတွင် အကြမ်းဖက် စစ်ကောင်စီ၏ မတရားသတ်ဖြတ်ထားသည့် အလောင်း ၇ လောင်းတွေ့ရှိ၊ ဆိုင်ကယ် အစီးရေ ၅၀ ဝန်းကျင်နှင့် ကား ၅ စီးခန့် မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ချင်းပုန်းရွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက ဆိုင်ကယ်စီးရေ ၅၀ ဝန်းကျင်နှင့် ကားကြီး ကားလေး ၅ စီးဝန်းကျင်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ၎င်းတို့ သတ်ဖြတ်ထားသည့်...

သပြေအေးကျေးရွာကို ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်ပြီး ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူများ နေအိမ်ကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက Mi35 ရဟတ်ယာဉ်နှစ်စင်းနှင့် ပစ်ခတ်ပြီး ရိုးရိုးရဟတ်ယာဉ်နှစ်စင်းဖြင့် အကြမ်းဖက်စစ်ကောင်စီဝင် ၆၀ ခန့် သပြေအေးကျေးရွာ ချပြီး အဆိုပါ အကြမ်းဖက် အဖွဲ့ဝင်များက ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူ့နေအိမ်များကို...

လောင်းလုံးတွင် စစ်တပ် ပစ်သတ် သောကြောင့် ကျဆုံးခဲ့သည့် ပြည်သူ၄ ဦး အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ထားဝယ်ခရိုင် လောင်းလုံးမြို့တွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် ပြည်သူ ၄ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နှင့် အလေးပြု ဆုတောင်းခြင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အကသ သပိတ်ကော်မတီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများနှင့် မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် ခံတပ် များ တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရန်ကုန်မြို့တော်ရှိ လမ်းဆုံလမ်းခွများနှင့်မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် RC ခံတပ်အဆောက်အအုံများကို တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက် လျက် ရှိကြောင်းရန်ကုန်မြို့ခံများက ပြောဆိုသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့လယ်ခေါင်နှင့် အချက်အချာကျ လမ်းဆုံ များ၊ မီးပွိုင့်များတွင် စစ်တပ်က ခံတပ် ဘန်ကာ...

မုံရွာတွင် CDM ကျောင်းဆရာမ နေအိမ်ကို ဖျက်ဆီးခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့များ အပြန်၌ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သတင်းပေးသူ ၁ဦး သတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာရှိ CDM ဆရာမ တစ်ဦး နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၆ရက်နေ့ ဝင်ရောက်ဖျက်ဆီးခဲ့ပြီးနောက် အပြန် မုံရွာ-အမြင့်လမ်းသို့ ဆင်းလာစဉ် ဒေသခံကာကွယ်ရေး ညီနောင်မဟာမိတ်(၅)ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်...

ဖရူဆိုရှိ ခမရ ၄၂၈ ဂိတ်စခန်းကို KNDF ဝင်ရောက်ပစ်ခတ်၊ စစ်သား အနည်းဆုံး ၂ ဦးသေဆုံးနိုင်၊ အများအပြား ဒဏ်ရာရ

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၂၇ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ ၏ ဂိတ်စခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖေဖေါ်ဝါရီလ ၂၆ ရက်တွင် စနိုက်ပါများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၂ ဦး သေဆုံးနိုင်ပြီး အများအပြား...

ကတောကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှ ရွာသားများကို ရွာပြင်ထွက်လျှင် ပစ်သတ်မည်ဟု သေနတ်ပစ်ဖောက် ခြိမ်းခြောက်၊ သေနတ်ပစ်ဖောက်သံကြောင့် အမျိုးသမီးတစ်ဦး နှလုံးဖောက် သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ မြင်းခြံမြို့နယ် ကတောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းမြင့်နှင့် ဦးသိန်းစိန်လက်ထက် အုပ်ချုပ်ရေးဟောင်း ဇော်မိုးတို့ ပူးပေါင်းကာ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းတွင် ရွာသားများကို ရွာပြင်မထွက်ရန်နှင့် ၊ ရွာပြင်ထွက်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ လော်စပီကာနှင့် လိုက်လံ...

ရန်ကုန်သီလဝါဆိပ်ကမ်းမှ လေယာဉ်ဆီဆီဘောက်ဆာ ၃ စီးကို စစ်ယာဉ်တန်း လုံခြုံရေးအပြည့်ဖြင့် သယ်ယူ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၇ ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊ သီလဝါဆိပ်ကမ်းမှ လေယာဉ်ဆီ ဆီဘောက် ဆာကား ၃ စီးကို ယနေ့ နံနက်ပိုင်း စစ်ယာဉ်တန်း လုံခြုံရေးအပြည့်ဖြင့် သယ် ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြော ဆိုသည်။ "သီလဝါဆိပ်ကမ်းကနေ ဆီဘောက်ဆာသုံးစီးလာထုတ်သွားပါတယ်။ ဆီ ဘောက် ဆာရှေ့မှာ...

Latest news

- Advertisement -spot_img