29 C
Yangon
spot_img

CATEGORY

News

ပုလဲ မွေ့တုံရွာကို စစ်တပ်က ညအချိန် ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ည ၈နာရီခန့်က စတင်ကာ ကျေးရွာတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း...

မုံရွာနှင့် ရေစကြိုရှိ ပျူစောထီး အဖွဲ့ဝင် ၃ဦး သတ်ခံရပြီး ကသာမြို့ စာတိုက်ရုံးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီး တပ်စိတ်မှူးတစ်ဦးဖြစ်သည့် ယဉ်နွယ်သိမ့်(ခ)မီးမီးကို ဇန်နဝါရီလ ၃ဝရက်နေ့ ည ၉နာရီ ၄၅မိနစ်တွင် ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ ယဉ်နွယ်သိမ့်သည် ပန်းရောင်းသည့်...

ပြည်သူ ၂ ဦးဖြစ်သည့် ကိုမျိုးဇော်နှင့် ကိုမြင့်မိုးတို့ကို စစ်တပ်က ပစ်သတ်ပြီး အိမ်ခြေ ၄၉ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာမြင် ကွင်းများ

ရန်ကုန်၊ ဇန်နဝါရီ ၃၁စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြိုနယ်၊ပေါက်ချိုင်ကျေးရွာကို စစ်တပ်က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၉ လုံး မီးလောင် ပြာကျသွားပြီး ရွာသား ကိုမျိုးဇော်၊ကိုမြင့်မိုးတို့ကိုလည်း စစ်တပ်က ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။

ကျိုက်ထိုနှင့်သာယာဝတီမြို့နယ်တွင် ဗုံးများဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် ယနေ့နံနက်အစောပိုင်း ဗုံများဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိကြောင်း ဒေသ ခံများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၆ နာရီမှစတင်ပြီး ဗုံးပေါက်ကွဲသံများ ကြားရကြောင်း၊ ဗုံးပေါက်ကွဲမှုကို စစ်သားများက လာရောက်စစ်ဆေးစဉ် ထပ်မံ...

ဒီပဲယင်း၊ ငဝဲတော ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ အကြမ်းဖက်ဝင်ရောက် မီးရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ငဝဲတောကျေးရွာသို့ ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး နေအိမ် ၂ လုံးထက်မနည်း မီးစွဲလောင်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။"မှန်သာ ဘက်ကနေ...

ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များကို CDF ကန်ပက်လက် ဝင်ရောက်ပစ်ခတ် စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ မြို့နယ်ပညာရေးမှူးရုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရန်အောင်စေတီတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၆ နာရီခွဲတွင် CDF ကန်ပက်လက်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကြောင်း သတင်းရရှိသည်။ပစ်ခတ်တိုက်ခိုက်မှုသည်...

ထားဝယ်နဲ့ ရေဖြူမြို့နယ်မှ ရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၃၀ နီးပါးသေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ထဲ ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ PDF အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထားဝယ်မြို့နယ်ထဲက ခေါင်တိုင်ပြင်၊ မြင်းမတ်တပ်၊ ပိန္နဲချောင်း(ကုလားချောင်း)၊ မြေးခန္တီ၊ ဟာမြင်းကြီးရွာတွေကို...

ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်ရာ စစ်တပ် အထိနာ၍ ရဟတ်ယာဉ်ဖြင့် ဗုံးလာကျဲ၊ ကျောက်ဆည်တွင်လည်း မိုင်းကွဲပြီး စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်တွင် လာရောက် ပစ်ခတ်ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။...

လွိုင်ကော်တွင် ယနေ့ တိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး KNDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး KNDF ဘက်မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။ ယနေ့ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂...

မြိုင် မြို့ခင်းသာရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မီးဝင်ရှို့ နေအိမ် ၄လုံး၊ ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၃၀ မကွေးတိုင်း၊ မြိုင်မြို့နယ်‌၊ မြို့ခင်းသာရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၄လုံးနှင့် ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီးခဲ့ကြောင်း...

Latest news

- Advertisement -spot_img