25 C
Yangon
spot_img

CATEGORY

News

ရန်ကုန်ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးတွင် စစ်တပ်၊စည်ပင်၊ ရဲနှင့်လူမိုက်များ ပူးပေါင်း၍ အနိုင် ကျင့် ဆက်ကြေး ကောက်

ရန်ကုန်၊ ဇန်နဝါရီ ၁၉  ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးစျေးတွင် စစ်တပ်၊ စည်ပင်၊ ရဲနှင့် လူမိုက်များပူးပေါင်း၍ ငါးဒိုင်များ၊ စျေးသည်များနှင့် လုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေကောက်ခံခြင်း၊ ငါးဟင်းစားများ တောင်းယူခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  စစ်တပ်၊စည်ပင်၊ ရဲနှင့် လူမိုက်များ ပူးပေါင်း၍...

မဲပလီကျေးရွာရှိ BGF စခန်းကို တိုက်ခိုက်ခြင်းသည် သတိပေးစာထုတ်ပြန်ပြီးနောက် ပထမဆုံးအရေးယူအကောင်ထည်ဖော်လိုက်သည့် စခန်းသိမ်းတိုက်ပွဲဟု KNU တပ်မဟာ ၅ ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ပရီ (မဲပလီ) စခန်းကို KNLA တပ်မဟာ ၅ တပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ခြင်းသည် KNU...

ပဲခူးတိုင်း၊ တာပွန်မြို့တွင် လျှပ်စစ်ဝန်ထမ်း စာရေးမ  မီတာခငွေ သိန်း ၉၀ ယူဆောင်ထွက်ပြေး၍ မီတာဆောင်ပြီးသားလူများကို မီတာခ ထပ်ဆောင်ခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၇  ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့တွင် လျှပ်စစ်ဝန်ထမ်းစာရေးမ တစ်ဦးက မီတာခငွေ သိန်း ၉၀ ယူဆောင်ထွက်ပြေးသွား၍  မီတာဆောင်ပြီးသား လူများကို ထပ်မံ ပေးဆောင်ရန် မီတာရုံးက စာထုတ်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  "မီတာခဆောင်ပြီးသား လတွေကို ထပ်ကောက်နေပါတယ်။ မီတာရုံးကစာရေးမတယောက်က...

ချင်းတောင်ဒေသရှိ CDF နှင့် PDF ပူးပေါင်း ၁၇ ဖွဲ့ အတွက် Save Myanmar USA က ရန်ပုံငွေ ​ဒေါ်လာ ၄၀၀၀၀ နီးပါး ရှာ​ဖွေရရှိ၊ ပွဲ ၃ ခုမှ အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ကောက်ခံရရှိခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၇  ချင်းတောင်ဒေသရှိ CDF and PDF အဖွဲ့ပေါင်း ၁၇  ဖွဲ့ စုဖွဲ့ ထားသည့် " Chin land Joint Defense Committee " အတွက် ရန်ပုံငွေ ယူအက်စ် ဒေါ်လာ ၄၀၀၀၀ နီးပါး...

ရန်ကုန်အလုံရှိ စစ်တပ်​ဒေါက်တိုင် တေဇပိုင် ထူးဓာတ် ဆီဆိုင် ဗုံး​ဖောက်ခွဲ မီးရှို့ခံရ၊ တစ်ဆိုင်လုံးပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၁၆  ရန်ကုန်မြို့၊ အလုံမြို့နယ် ထော်လီကွေ့မှတ်တိုင် အနီးရှိ စစ်​ကောင်စီနှင့်ပူးတွဲစီးပွားရေးလုပ်ကိုင်နေသော တေဇပိုင် ထူးဓာတ်ဆီဆိုင်ကို ယနေ့ နံနက်ပိုင်းတွင်မီးရှို့ကာ ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်လိုက်သဖြင့် တစ်ဆိုင်လုံး မီးလောင် ပြာကျသွားကြောင်း Special Task Agency of Burma - STA အဖွဲ့က ပြော...

ရန်ကုန်ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ကိုဗစ်ကူးစက်ခံရသူ ၁၁၁ ဦးမှာ Omicron ပိုးသစ် အစုလိုက်အပြုံလိုက် ကူးစက်ခံရဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၅  ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ကိုဗစ်ကူးစက်ခံရသူ ၁၁၁ ဦးမှာ Omicron ပိုးသစ် အစုလိုက်အပြုံလိုက် ကူးစက်ခံရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ သတိပြုရန် ညွှန်ကြားစာများအရ သိရှိရသည်။  အခြေခံစစ်သင်တန်းများပါ ပို့ချရန်ရှိနေသည့် ရန်ကုန်တိုင်းလှည်ကူး၊ ဗဟိုဝန် ထမ်းတက္ကသိုလ်တွင် သင်တန်းသား ၂၀၀ ကျော်ရှိသည့်အနက် ၁၀၀...

ခမရ ၃ ဘီးလင်းတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့် တရားမဝင် ဆက်ကြေးကောက် စီးပွားရေးသောင်းကျန်း၊ တပ်ငွေကြေးအလွဲသုံးစားလုပ်ပြီး ဖိနှိပ်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၅ မွန်ပြည်နယ်၊ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ ဘီးလင်းတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်မောင်ဇေနှင့် မိန်းမ ဆုမွန်သန့်တို့သည် လက်ရှိ စစ်အာဏာသိမ်းပြီးနောက် တရားမဝင် ငွေကြေး ကောက်ခံ စီးပွားရေးသောင်းကျန်းလျက်ရှိပြီး တပ်တွင်းတွင်လည်း ဖိနှိပ်မှုများစွာ လုပ်ဆောင် နေကြောင်း...

ကောလင်းတွင် လုပ်ငန်းရှင်များကို ဖမ်းဆီးထားပြီး ငွေကျပ် သိန်း ၁၀၀ ပေးမှ ညှိနှိုင်းပြန်လွှတ်ပေးမှုများရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၄  စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် စစ်တပ်က  ငွေကြေးချမ်းသာသူများနှင့် လုပ်ငန်းရှင်များကို ဖမ်းဆီးထားပြီး ငွေကျပ် သိန်း ၁၀၀ တောင်းယူပြီး ညှိနှိုင်း ပြန်လွှတ်ပေးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး စစ်တပ်က ၎င်းတို့ မသင်္ကာဖြစ်သူများနှင့် ငွေကြေးချမ်းသာသူ လုပ်ငန်းရှင်များကို ဖမ်းဆီးခဲ့ကြောင်း၊...

အခြေခံ စစ်သင်တန်းပါပေးမည့် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တက်နေသော သင်တန်းသား ၂၀၀ ကျော်တွင် ဦးစီးအဆင့် အရာရှိများ အပါအဝင် တစ်ဝက်ကျော် ကိုဗစ်ကူးစက်ခံရ၊ မည်သူမှ ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၄  အခြေခံစစ်သင်တန်းများပါ ပို့ချရန်ရှိနေသည့် ရန်ကုန်တိုင်းလှည်ကူး၊ ဗဟိုဝန် ထမ်းတက္ကသိုလ်တွင် သင်တန်းသား ၂၀၀ ကျော်ရှိသည့်အနက် ၁၀၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံနေရကြောင်း ရောဂါ ကူးစက်ခံထားရသူ သင်တန်းသား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။  ယခု ဖွင့်လှစ်လျက်ရှိသည့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ၂၀၂၁ ခုနှစ်၊...

မင်းအောင်လှိုင်နှင့်စစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်၊ နိုင်ငံတကာတရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်မပြုရန် အပြင်းအထန်ကြိုးစားနေ၊ မင်းအောင်လှိုင်ကို တရားရုံးရှေ့ ခေါ်ဆောင်ရေး နိုင်ငံတကာက နှစ်ဆကြိုးပမ်းရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၄  အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်တပ်သည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာများနှင့် ပြည်သူများအပေါ် သတ်ဖြတ်မှု ဆိုင်ရာ စစ်ရာဇ ဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာ တရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်မပြုရန် အပြင်းအထန်ကြိုးစားနေကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က ယနေ့ ထုတ်ပြန်ပြောဆိုသည်။  စစ်တပ်အတွင်း ညွှန်ကြားထားသည့် ...

Latest news

- Advertisement -spot_img