25.9 C
Yangon
spot_img

CATEGORY

News

မင်းအောင်လှိုင်က ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှု တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ကန့်ကွက်ရှုတ်ချ၊ စစ်တပ်အနေဖြင့် ကျိန်းသေ ပြန်လည် ပေးဆပ်ရမည်ဟုသတိပေး

ရန်ကုန်၊ ဇူလိုင် ၂၈ အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှုအပေါ် တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ပြင်းပြင်းထန်ထန်ကန့် ကွက်ရှုတ်ချလိုက်ကြပြီး စစ်တပ်အနေဖြင့် ထိုလုပ်ရပ်အတွက် ကျိန်းသေ ပြန်လည် ပေးဆပ်ရမည်ဟု သတိပေး ပြောဆိုလိုက်သည်။ ဇူလိုင်လ ၂၈ ရက်နေ့ ကြာသပတေးနေ့...

ပေါင်းတည် သစ်ပုတ်ကျေးရွာတိုက်ပွဲတွင် စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများရရှိ

ရန်ကုန်၊ ဇူလိုင် ၂၈ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာတိုက်ပွဲတွင် စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများရရှိကြောင်း ပေါင်းတည် PDF မှ ပြန်ကြားရေးတာဝန်ခံ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ...

ဖျာပုံတွင် စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦးခန့် ဒဏ်ရာရ၊ ကော့ကရိတ်မြို့ တောင်ပိုင်းတွင်လည်း စစ်တပ်နှင့် KNLA ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ထိခိုက်သေဆုံးမှုများ

ရန်ကုန်၊ ဇူလိုင် ၂၈ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း Black Dragon Commando က သတင်းထုတ်ပြန်သည်။ ဖျာပုံမြို့နယ်၊ ဖျာပုံ-ကျိုက်လတ်အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားအနီးရှိ စစ်ကောင်စီဂိတ်ကို ယနေ့...

ရေးမြို့လယ်ခေါင်ရှိ မြို့မရဲစခန်းကို ဝင်ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့လယ်ခေါင်ရှိ မြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့က ယနေ့ ဝင်ရောက်ပစ်ခတ်ရာ ရဲ ၃ ဦးသေဆုံးသွားကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရေးမြို့မရဲစခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ...

၄၄ လမ်းမှ တော်လှန်ရေးလူငယ်များ ဖမ်းဆီးခံရမှုနှင့် သေဆုံးမှုတွင် စစ်တပ် သတင်းပေးခဲ့သူ ဗိုလ်တထောင် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘော်ဘီ မသေသေးဘဲ စိုးရိမ်နေရဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၈ ယမန်နှစ် ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးရာတွင် စစ် တပ် နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လူငယ်များ တိုက်ပေါ်မှ ခုန်ချသေဆုံးစေခဲ့သည့် ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ)‌ ဘော်ဘီ...

မြင်းမူ၊ မူးမန္တလေးရွာတွင် စစ်တပ်က ဓားစာခံ ပြည်သူ ၆၀ ဦးခန့် ဖမ်းပြီး ၄ ဦးကို သတ်ဖြတ်၊ အမျိုးသားများကို ဦးစားပေး စစ်တပ်က သတ်ဖြတ်နေသဖြင့် အသတ်ခံရသည့်အရေအတွက်များပြားမည်၊ ဆားလင်းကြီးတွင် ပြည်သူ ၅ ဦးကို စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ ဇူလိုင် ၂၈ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မန္တလေးရွာတွင် အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၆၀ ဦးခန့်ရှိပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင် အမျိုး သား ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း...

၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များကို ခုန်ချသေဆုံးစေခဲ့သည့် ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဘော်ဘီ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈ ယမန်နှစ် ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးရာတွင် စစ် တပ် နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လူငယ်များ တိုက်ပေါ်မှ ခုန်ချသေဆုံးစေခဲ့သည့် ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ)‌ ဘော်ဘီ...

ခင်ဦးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသော အသက် ၁၃ နှစ် အရွယ် မောင်ခန့်ခန့်ငြိမ်းကို စစ်တပ်က ကားပေါ်မှ ဆွဲချပြီး မြောင်းထဲကန်ချ သတ်ဖြတ်၊ လူနာပို့သူ PDF ခေါင်းဆောင်ကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇူလိုင် ၂၈ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသော အသက် ၁၃ နှစ် အရွယ် မောင်ခန့်ခန့်ငြိမ်းကို ဆေးရုံပို့စဉ် စစ်တပ်က ကား ပေါ်မှ လူနာကို ဆွဲချပြီး မြောင်းထဲကန်ချ သတ်ဖြတ်ကြောင်း၊ လူနာပို့သူ PDF ခေါင်းဆောင်ကို စစ်တပ်က...

ဥကရစ်ထစခန်းအနီး စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် Venom စစ်ကြောင်း တိုက်ပွဲဖြစ်၊ ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်းကို CDF က ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၈ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဥကရစ်ထစခန်းအနီး ရွှေအေးမြိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် စစ်ကြောင်းမှူး စောဝင်းမြင့်ဦးဆောင်သော Venom စစ်ကြောင်းတို့ ယမန်နေ့ ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၃ နာရီခွဲမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များပြားနိုင်ကြောင်း Venom...

ဆားလင်းကြီး၊ ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ယခုနံနက်ပိုင်း မီးတင်ရှို့နေ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်ဖျက်ဆီးမီးရှိ့မှုကို စစ်တပ်က လုပ်ဆောင်

ရန်ကုန်၊ ဇူလိုင် ၂၈ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးတင်ရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင်...

Latest news

- Advertisement -spot_img