27.9 C
Yangon
spot_img

CATEGORY

News

မန္တလေး ရထားလမ်းဘေးအနီးရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ချက်ချင်းဖျက်ခိုင်း၊ လူဦးရေ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ရန်ကုန်၊နိုဝင်ဘာ ၉ မန္တလေးမြို့၊ အိုးဘိုနှင့် သူရဲစျေး ဘူတာကြားရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ယနေ့ ချက်ချင်းဖျက်ခိုင်းပြီး လူဦးရေ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း‌ ဒေသခံများက ပြောသည်။ မန္တလေးမြို့ အောင်မြေသာစံခရိုင်အတွင်း မြန်မာ့မီးရထား ပိုင်မြေအတွင်းရှိသည်ဟုဆိုသည့် မီးရထားလမ်းဘေး ဝဲ/ယာ အိုးဘို၊ သူရဲဈေး၊ ဘူတာအကြားရှိ...

မိတ္တီလာ၊ ရှမ်းတဲလေတပ်စခန်းတွင် အမောင်းသင် GROB လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပန်ကာနှင့်ရှေ့ဘီးကျိုး၊ လူထိခိုက်မှုမရှိ

ရန်ကုန်၊ နိုဝင်ဘာ ၉ မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲလေတပ်စခန်းတွင် အမောင်းသင် GROB လေယာဉ် တစ်စင်း ဆင်းသက်စဉ် ပန်ကာနှင့်ရှေ့ဘီးကျိုးပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်(မိတ္ထီလာ) ရှိ လေ ယာဉ်မောင်းသင်ကျောင်း...

ဝက်လက်၊ ပိတောက်ခြုံရွာကို စစ်တပ် ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၆၁ လုံးပြာကျ ရန်ကုန်၊ နိုဝင်ဘာ ၉ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပိတောက်ခြုံရွာကို အကြမ်းဖက် စစ်တပ် ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၆၁ လုံး ပြာကျခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၈ ရက်နေ့ နံနက်...

ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၁၄ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး မီးရှို့ အလောင်းဖျောက် ၊ နမ့်ခမ်းတွင် ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်သည့်အပြင် နွားများကိုပါသတ်ပြီး အိမ်များကို ဖောက်ထွင်းလုယက်

ရန်ကုန်၊ နိုဝင်ဘာ ၉ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းနှင့် ဇီးကနား ရွာသား ၁၄ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်...

မြင်းခြံ၊ ပျားရွာမှ ကလေး ၄ ဦး၏ ဖခင် ကိုဇော်မျိုးနိုင်ကို စစ်တပ်က ပစ်သတ်၊ ရွာထဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၃ ဦး ကျည်ထိမှန်ထားပြီး ဆေးကုသခွင့်မရ

ရန်ကုန်၊ နိုဝင်ဘာ ၉ မန္တးလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာမှ ကလေးငယ် ၄ ဦး၏ ဖခင် ကိုဇော်မျိုးနိုင်ကို စစ်တပ်က ယနေ့ ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ် ပျားကျေးရွာရှိ လူနေအိမ်များကို မီးရှို့ခြင်း၊...

ထားဝယ် PDF ရဲဘော် အောင်ခိုင်၏ ဖခင်နှင့် မိခင်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ နိုဝင်ဘာ ၉ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်PDF ရဲဘော် အောင်ခိုင်၏ မိခင်နှင့်ဖခင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီခွဲတွင် စစ်တပ်နှင့်ရဲများက ထားဝယ်မြို့၊ ကြက်စားပြင်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ထားဝယ် PDF ရဲဘော်...

ရေတာရှည်တွင် ခရိုင်ချင်းဆက်လမ်းပေါ် စခန်းချထားသော စစ်တပ်ကို PDF က တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ မင်းတပ်တွင်လည်း အနီးကပ် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉ ပဲခူးတိုင်း၊‌ ရေတာရှည်မြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းပေါ်တွင် အခိုင်အမာစခန်း ချထားသော စစ်တပ်ကို PDF က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း ရေတာရှည် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ‌နို၀င်ဘာလ ၆ ရက်‌၊ တနင်္ဂနွေနေ့ ညနေ ၅...

တန့်ဆည်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ် ၂နာရီခန့်တွင် တန့်ဆည်ပကဖက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း တန့်ဆည်ပကဖက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အင်အား၂၀၀ကျော် ပါသည့် ခမရ၃၆၁နှင့် ခမရ၃၆၉ စစ်ကောင်စီစစ်ကြောင်းကို တန့်ဆည်မြို့နယ် ပေါင်ဂဒေါင်ချောင်း...

ဧရာ၀တီတိုင်းတွင် မင်းအောင်လှိုင် ခိုင်းစေချက်အရ နေကြာ မဖြစ်မနေ စိုက်ပျိုးရမည်ဟု အမိန့်ထုတ်၊ အာဏာနှင့်ရာထူး အနေကြာစေရေး နေကြာစိုက်သည့် ယတြာဟု ရှုမြင်၍ တောင်သူများက မစိုက်လိုကြ

ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားခိုင်းစေချက်အရ ဧရာ၀တီတိုင်းတွင် တောင်သူ လယ် သမားများအနေဖြင့် နေကြာ သီးနှံများ မဖြစ်မနေ စိုက်ပျိုးရမည်ဖြစ်ပြီး မစိုက်ပျိုးလျှင် လယ်မြေများ သိမ်း ဆည်းခံရမည်ဖြစ်သည့်အပြင် အရေးယူခံရမည်ဟု ခြိမ်းခြောက်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "ဧရာဝတီ တိုင်းမှာ ပဲစိုက်ရာသီမှာ...

စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီးချုပ် အပါအဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွား ရေးပိတ်ဆို့

ရန်ကုန်၊ နိုဝင်ဘာ ၉ မြန်မာအကြမ်းဖက် စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီးချုပ် အပါ အဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို...

Latest news

- Advertisement -spot_img