24.5 C
Yangon
spot_img

CATEGORY

News

အမေရိကန်နှင့်တရုတ်အကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန် အောက် လွှတ်တော်ဥက္ကဋ္ဌ၏ လေယာဉ် ထိုင်ဝမ်နိုင်ငံသို့ သွား၊ မသွား လူပေါင်း ၃ သိန်းကျော် စောင့်ကြည့်ကြ၊ ကမ္ဘာ၏ စောင့်ကြည့်အခံရဆုံးသော လေ ကြောင်းခရီးစဉ်ပျံသန်းမှုအဖြစ် မှတ်တမ်းဝင်

ရန်ကုန်၊ ဩဂုတ် ၂ အမေရိကန်နှင့်တရုတ်နိုင်ငံအကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosi ၏ ထိုင်ဝမ်နိုင်ငံခရီးစဉ် လေ ယာဉ် ပျံသန်းမှုလမ်းကြောင်းကို လူပေါင်း ၃ သိန်းကျော်က စောင့်ကြည့်ကြသ ဖြင့် ကမ္ဘာ့စောင့်ကြည့်မှုအများဆုံးခံရသည့် လေယာဉ်လေကြောင်းခရီးစဉ်အဖြစ် မှတ်တမ်းဝင်သွားကြောင်း သိရှိရသည်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosiသည်...

ဝိုင်းမော်မြို့နယ်၊ အင်ဝမ်းယာန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ဂိတ်စခန်းကို KIA တိုက်ခိုက်ရှင်းလင်း၊ လက်နက်များရရှိ

ရန်ကုန်၊ ဩဂုတ် ၂ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ကန်ပိုက်တီးကားလမ်း၊ အင်ဝမ်းယာန်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့စစ်များစခန်းချတပ်စွဲထားသော ဂိတ်စခန်းကို KIA တပ်ဖွဲ့က ယနေ့ ဩဂုတ်လ ၂ ရက် နံနက်တွင် တိုက်ခိုက်ရှင်းလင်းခဲ့ပြီး လက်နက်အချို့သိမ်းဆည်းရမိကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်တွင်...

စစ်ကိုင်းတိုင်း ၅ / မှတ်ပုံတင်ကိုင်ဆောင်သူနှင့် မကွေးတိုင်း ၈/ မှတ်ပုံတင်ကိုင်ဆောင်သူတချို့ အလုပ်ထုတ်ခံရ ၊ မည်သည့်အတွက်ကြောင့် အလုပ်ထုတ်သည်ကို ဖြေရှင်းချက်မပေး

ရန်ကုန်၊ ဩဂုတ် ၁ ရန်ကုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် စစ်ကိုင်းတိုင်း ၅/ မှတ်ပုံတင်ကိုင်ဆောင်သူနှင့် မကွေး တိုင်း ၈/ မှတ်ပုံတင်ကိုင်ဆောင်သူတချို့ အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်ခံရကြောင်း အလုပ်ထုတ်ခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီး၊အလယ်ပေါက်မှတ်တိုင်၊အလယ်ပေါက်ဝန်းအတွင်းရှိ Ti စက်ရုံနှင့် EMC စက်ရုံတို့တွင် ၈/ နှင့်...

အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဇူလိုင်လ နောက်ဆုံးတပတ်တွင် တိုက်ပွဲ ၄၈ ကြိမ်ဖြစ်ပြီး စစ်သား ၈၈ ဦး သေဆုံးပြီး သေနတ် ၂၁ လက် သိမ်းဆည်းရမိ၊ ကရင်နီရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၂ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးတပတ်အတွင်း တိုက်ပွဲ ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၈ ဦးသေဆုံးကာ ကရင်နီရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်းနှင့် အကြမ်းဖက်စစ်တပ်၏ သေနတ်...

ရေစကြိုတွင် စစ်တပ် တပ်စွဲထားသော စခန်း တိုက်ခိုက်ခံရ၊ ထီးလင်းမြို့ပေါ်တွင် Non-CDM ရုံးများ ဖောက်ခွဲ တိုက်ခိုက်ခံရ၊ အုတ်ဖိုတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂ မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာ တွင်တပ်ဆွဲထားသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်သားနှင့် ပျူစောထီးများကို သြဂုတ်လ ၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ...

မူဆယ်မြို့ ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၁ ဦးသေဆုံး၊ မြို့လယ်ခေါင်တွင် စစ်တပ်ဘက်တော်သား ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ ဩဂုတ် ၂ ရှမ်းပြည်နယ်၊ မူဆယ်မြို့မရဲစခန်းအနီးတွင် ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီအချိန် ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်ပွားကာ ပြည်သူ့စစ် ၁ ဦးသေဆုံးကြောင်း မူဆယ်မြို့ခံများထံမှ သိရှိရသည်။ ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီကျော်အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့ရဲစခန်းအနီးတွင်...

မြိုင်မြို့နယ်တွင် NUG အစိုးရ လက်အောက်ခံ ပြည်သူ့အခြေပြုကျောင်း ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၂ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့အခြေပြုကျောင်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာများအတွက် ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ ဩဂုတ်လ ၂ ရက်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလပညာသင်ကြားရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နယ်မြေများတွင် ပြည်သူ့အခြေပြုကျောင်းများ...

ကျောမြို့ရှိ ပုထိုးလုံ ဓါတ်အားပေးစက်ရုံမှ ဝန်ထမ်း ၂၃ ဦးကို YDF က ခံဝန်ကတိဖြင့် ပြန်လွှတ်ပေး၊ ကျောက်ကပ်ရောဂါဖြစ်နေသော အင်ဂျင်နီယာမှူး ဦးမင်းအောင်ကို ဆေးကုသပေးပြီး လိုအပ်သည်များ စစ်ဆေးနေ

ရန်ကုန်၊ ဩဂုတ် ၂ မကွေးတိုင်း၊ ကျောမြို့ရှိ စစ်တပ်လက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး Non CDM ဝန်ထမ်း ၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး...

NUG ကို အမျိုးသားညီညွတ်ရေးအစိုးရဟု အမေရိကန်က တရားဝင် စတင်သုံးစွဲ၊ အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ် အရေးယူမှုများ ဆက်လုပ်မည်ဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊ ဩဂုတ် ၂ အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများ ဆက်လုပ်မည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က အမျိုးသားညီညွတ်ရေးအစိုးရNUG မှ ဒုတိယနိုင်ငံခြားရေး ဦးမိုးဇော်ဦးနှင့်တွေ့ဆုံစဉ် ပြောဆိုကြောင်း ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ "အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။...

မှော်ဘီလေတပ်ရှေ့ရှိ ဗိုလ်သင်တန်းကျောင်း(အမျိုးသမီး) တွင် ဗုံးပေါက်ကွဲပြီး လူနာ တင်ကားများ ဝင်ရောက်သွား၊ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ညအချိန်လေ့ကျင့်ရေးလုပ်ဟု စစ်တပ်က သတင်းလွှင့်

ရန်ကုန်၊ ဩဂုတ် ၂ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ရှေ့ ဗိုလ်သင်တန်း ကျောင်း (အမျိုးသမီး)တွင် ဩဂုတ်လ ၁ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး လူနာတင်ကားများ ဝင်ရောက်သွားသဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဩဂုတ်လ ၁ ရက်နေ့ည ၇ နာရီအချိန်တွင် မှော်ဘီ ဗိုလ်သင်တန်း...

Latest news

- Advertisement -spot_img