30.5 C
Yangon
spot_img

CATEGORY

News

မတူပီ-မင်းတပ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းကို CDF-မတူပီ ထပ်မံတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၈ ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မတူပီက ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၇ နာရီခွဲတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CDF-မတူပီ က သတင်းထုတ်ပြန်သည်။အဆိုပါ ယာဉ်တန်းသည်...

KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ကျောက်ညပ်ရှေ့တန်းစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဧပြီ ၂၈ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း နယ်မြေကျူးကျော်ကာ ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၁ ခုကို KNLA တပ်မဟာ ၅ တပ်ဖွဲ့များက ယနေ့ ဧပြီလ နံနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။"အဲ့စခန်းကို လွန်ခဲ့သော ၂၀၀၀...

စစ်အာဏာရှင်ကို ဆန့်ကျင်နေသူ မော်ဒယ်သရုပ်ဆောင် မင်းသားဟိန်းထက်၏ အဘိုးကို ပစ်သတ်လိုက်ဟု ရန်ကုန်သွေးသောက်အဖွဲ့ အမည်ခံ ထုတ်ပြန်လာ

ရန်ကုန်၊ ဧပြီ ၂၈ စစ်အာဏာရှင်ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသူ မော်ဒယ်သရုပ်‌ဆောင် မင်းသား ဟိန်းထက်၏ အဘိုးဖြစ်သူကို ပစ်သတ်လိုက်ကြောင်း ရန်ကုန်သွေးသောက်အဖွဲ့ဟု အမည်ခံထားသော အဖွဲ့က လူမှုကွန်ရက်တွင် ထုတ်ပြန်နေပြီး အမျိုးသားရေးအစွန်းရောက်များနှင့် မဘသများက လူမှုကွန် ရက်များတွင် အောင်ပွဲခံလျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊...

မြိုင်မြို့နယ် စိုင်းဂေါင်းကျေးရွာကို စစ်တပ်က ဝင်စီး မီးရှို့ဖျက်ဆီးနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၈ မကွေးတိုင်း မြိုင်မြို့နယ် စိုင်းဂေါင်းကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ ယနေ့ ဧပြီ ၂၈ ရက်၊ နံနက် ၁၁ နာရီ ဝန်းကျင်တွင် ဝင်ရောက်ကာ ပြည်သူ့နေအိမ်များ၊ မွေးမြူရေးကြက်ခြံများ ဖြိုချဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။ “မွေးမြူရေးကြက်ခြံတွေရော...

မြောင်ပညာရေးကွန်ရက်မှ စစ်ကျွန်ပညာရေးကိုဆန့်ကျင်ကာ ၂၆ ကျောင်းမြောက် အခြေခံပညာအလယ်တန်းကျောင်းကို ဖွင့်လှစ်၊ PDF များ လုံခြုံရေးယူပေး

ရန်ကုန်၊ ဧပြီ ၂ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မြောင်ပညာရေးကွန်ရက် Myaung Education Network မှ ဖွင့်လှစ်သော စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး သခင်ပညာရေးအားသင်ကြားသော ၂၆ ကျောင်းမြောက် အလယ်တန်းကျောင်း MEDUS-26 ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိသည်။စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကာ CDM ပြုလုပ်လာသော ဆရာ ဆရာမများ၊...

မင်းအောင်လှိုင် မိသားစုနှင့် ပတ်သက်ဆက်နွယ်နေတဲ့ စစ်လက်နက်ပွဲစား Star Sapphire group ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၈ အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire group ဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။ဒါ့အပြင် အဆိုပါ ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့လည်း...

ပဲခူး၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းနိုင်ကို PDF က ပစ်ခတ်ရှင်းလင်း၊ ဒီပဲယင်းတွင် ပျူစောထီးဟု သတ်မှတ်ထားသူ တက်ရှိန် အသတ်ခံရ

ရန်ကုန်၊ ဧပြီ ၂၈ ပဲခူးတိုင်း၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းနိုင်ကို ပဲခူး PDF က ရှင်းလင်းလိုက်ကြောင်း ပဲခူးတိုင်း PDF က တရားဝင်သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကဝမြို့နယ် လုံခြုံရေးနှင့် သတင်းစုံစမ်းရေးအဖွဲ့...

ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီများဝင်ရောက် မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၈ ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီများ ဧပြီ ၂၇ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်ခဲ့ပြီး ယနေ့ မနက် ၈ နာရီခွဲအချိန်မှ စကာ ပြည်သူများ၏ နေအိမ်များကို...

ပခုက္ကူ-မြိုင်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ကား ၁ စီး ပျက်စီးကာ စစ်သား ၅ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈ မကွေးတိုင်း၊ မခုက္ကူမြို့နှင့် မြိုင်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ ၂၇ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ပြောက်ကျားအဖွဲ့များက ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကား ၁...

ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ကြီး အေးကို ရှင်းလင်းခံရ၊ စစ်တပ်နှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သော အုပ်ကြီးဟောင်း အောင်ဇော်မင်း ပြီးနောက် ဒုတိယမြောက် ရှင်းလင်းခံရခြင်းဖြစ်

ရန်ကုန်၊ ဧပြီ ၂၈ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ သတင်းပေးဒလန်အဖြစ် သတ်မှတ်ခံထားရသူ အေးကို ကို ယမန်နေ့ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် ရှင်းလင်းခံရကြောင်း သတင်းရရှိသည်။"မနေ့ နေဝင်ခါနီး ၆ နာရီလောက်မှာပေါ့၊ အုပ်ကြီး အေးကိုနဲ့...

Latest news

- Advertisement -spot_img