26.6 C
Yangon
spot_img

CATEGORY

News

စစ်ကိုင်းတိုင်း၊ မုံရွာလမ်းပေါ်တွင် မုံရွာဘက်ဦးတည်ပြီး စစ်ကား အစီး ၆၀ နီးပါး သွားလာ

ရန်ကုန်၊ ဧပြီ ၂၇ မန္တလေးမှ စစ်ကိုင်းတိုင်း၊ မုံရွာဘက်သို့ စစ်ကား အစီး ၆၀ နီးပါး သွားလာနေကြောင်း စစ်ကားဖြတ်သန်းရာ လမ်းဘေးလမ်းတလျှောက်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မန္တလေး-မုံရွာလမ်းမကြီးပေါ် စစ်ကိုင်းတက္ကသိုလ်အနီးတွင်...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီက ထပ်မံချမှတ်

ရန်ကုန်၊ ဧပြီ ၂၇ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီက ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။ စစ်ကောင်စီတရားရုံးက ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် စတင်ခြင်းဖြစ်ပြီး နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်...

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ဆိုးဝါးလာပြီး တစ်နေ့လျှင် အနည်းဆုံး ၈ နာရီမှ ၁၀ နာရီကျော်အထိ မီးပြတ်တောက်

ရန်ကုန်၊ ဧပြီ ၂၆ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေဆိုးဝါးလာနေပြီး တစ်နေ့လျှင် အနည်းဆုံး ၈ နာရီမှ ၁၀ နာရီကျော်အထိ မီးပြတ်တောက်မှုများရှိနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "နေ့လည်း မလာဘူး။ ညလည်း မလာဘူး။ ၁၀ မိနစ်လောက်လာပြီးလည်း ပျက်ချင်သလို...

မင်းကင်း၊ ဇင်ကလဲကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား ၂၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၇ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာအနီးတွင် အင်အား ၁၅၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၈၇ ခြေလျင်စစ်ကြောင်းကို ယမန်နေ့ ဧပြီလ ၂၆ ရက် နံနက်တွင် ဒေသကာကွယ်ရေးမဟာမိတ် ၆ ဖွဲ့ပူးပေါင်းကာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးကာ...

ကလေးတောင်ပိုင်း နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွတွင် နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီစစ်သားများ၏ သွေးကွက်များတွေ့ရ၊ စစ်ကောင်စီတပ်များ မကွေးတိုင်းအစပ်သို့ ဆုတ်ခွာသွား

ရန်ကုန်၊ ဧပြီ ၂၇ ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ ဧပြီလ ၂၆ ရက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်သားများ၏...

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ပစ်ခတ်ရှင်းလင်း

ရန်ကုန်၊ ဧပြီ ၂၇ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ဧပြီလ ၂၆ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသပျောက်ကြားအဖွဲ့များက သတင်းထုတ်ပြန်သည်။ နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့၊ MDY မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်...

ဒဂုံဆိပ်ကမ်းတွင် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရမှု လာရောက်စစ်ဆေးသည့် စစ်တပ်ကို ဗုံး ၃ လုံးခွဲ ထပ်မံတိုက်ခိုက်ရာ ထိခိုက်မှုများနိုင်

ရန်ကုန်၊ ဧပြီ ၂၆ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရ၍ လာရောက်စစ်ဆေး လုံခြုံရေး ယူပေးသည့် စစ်တပ်ကို ဗုံး ၄ လုံးခွဲ တိုက်ခိုက်ရာ ထိခိုက်မှုများနိုင်ကြောင်း တော်လှန်ရေး ရဲဘော်များထံမှ သိရှိရသည်။ ယနေ့ ည၇နာရီ၁၅မိနစ်ခန့်အချိန် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်၈၈...

ဖက်ဆစ် စစ်လော်ဘီ ဟန်ငြိမ်းဦးကြောင့် အဆိုတော်အောင်လနှင့်၀ိုင်းစုခိုင်သိန်းတို့ ပြန်လည် ဖမ်းဆီးခံရ၊ အပြစ်မရှိသော်လည်း အမှုတပ်ရန် ရဲတပ်ဖွဲ့ ဖိအားပေးခံနေရ

ရန်ကုန်၊ ဧပြီ ၂၆ အဆိုတော်အောင်လနှင့် ၀ိုင်းစုခိုင်သိန်းတို့ကို ဖက်ဆစ်စစ်လော်ဘီ ဟန်ငြိမ်းဦးက ခံဝန်ဖြင့် ပြန်လွှတ်မှုကို ကန့်ကွက်ကြောင်း တယ်လီဂရမ် လူမှုကွန်ရက်တွင် လှုံ့ဆော်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ပြန်လည် ဖမ်း ဆီးခဲ့ကြောင်း သိရှိရသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင်...

ရွှေပြည်သာတွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်၊ ဒဂုံမြောက်ပိုင်းတွင် ဗုံး ၅ လုံး ပေါက်ကွဲ၊ ဒဂုံဆိပ်ကမ်းအုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရ၊ ဗဟန်းရေတပ်အိမ်ရာ မိုင်းခွဲခံရမှု စစ်သား ၃ ဦး ထိမှန်၊ လှိုင်သာယာတွင် ဆိုင်ကယ်ဖမ်းနေသော စစ်အုပ်စု ဗုံးပစ်ခံရ

ရန်ကုန်၊ ဧပြီ ၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းတို့တွင် ယနေ့ညပိုင်း ဗုံး ၁၀ လုံးနီးပါးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပြင်းအားအလွန်ကြီးသော ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပွားပြီး...

ဖရူဆိုမြို့ရှိ စစ်ကောင်စီ၏ ခမရ ၄၂၈ တပ်ရင်းနှင့် မြို့မရဲစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၆ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ တပ်ရင်းနှင့် မြို့မရဲစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၂၆ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး...

Latest news

- Advertisement -spot_img