26.7 C
Yangon
spot_img

CATEGORY

News

စားစရိတ်ငြိမ်း၊ တစ်နေ့ လုပ်အားခ ငွေကျပ် ၇၀၀၀ ဖြင့် စစ်တပ်နှင့်အတူ လုံခြုံ ရေး လုပ်ရန် လူခေါ် ၊ ရန်ကုန်တွင်လည်း စစ်တပ်သတင်းပေးအလုပ်အတွက် လူခေါ်နေပြီး ဆန့်ကျင်သူ ၁ ဦးမိလျှင် ငွေ ၁ သိန်းပေးမည်ဟု မက်လုံးပေး

ရန်ကုန်၊ ဧပြီ ၂၄ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တစ်နေ့လျှင် စားစရိတ်ငြိမ်း၊ ငွေကျပ် ၇၀၀၀ ဖြင့် အသက်ကန့် သတ်ချက် မရှိဘဲ စစ်တပ်နှင့်အတူ လုံခြုံရေး အလုပ် လုပ်ကိုင်ရန် လျှောက်ထားနိုင်သည်ဟု ရပ်ကွက်ရုံးများတွင် ကြေညာနေကြောင်း သိရှိရသည်။ ဘားအံမြို့နယ်ရှိ စစ်တပ်ထောက်ခံသူများ၊ ပျူစောထီးများ၊...

ကြာအင်းဆိပ်ကြီး၊ တံခွန်တိုင်ရဲစခန်းအနီး တိုက်ပွဲဖြစ်ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ဘီးလင်းတွင် တိုက်ပွဲဖြစ်၍ ပြည်သူများ စစ်ဘေးရှောင်ရ

ရန်ကုန်၊ ဧပြီ ၂၄ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ရဲစခန်းအနီးတွင် ယမန်‌နေ့ ဧပြီလ ၂၃ ရက် နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား အနည်းဆုံး ၁ ဦး သေဆုံးကြောင်း၊...

ထိုင်း-မြန်မာနယ်စပ် မြ၀တီဘက်ခြမ်း နယ်စပ်ကူး တံတား ၁ ဂိတ်တွင် မိုင်းပေါက်ကွဲပြီး ဂိတ် မီးလောင်၊ မြ၀တီသံလွင်ဆီဆိုင်တွင်လည်း ပစ်ခတ်မှုဖြစ်၊ KTV တစ်ခုတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၂၃ ထိုင်း-မြန်မာနယ်စပ် ၊မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီမြို့နယ် တံတား ၁ ဂိတ်တွင် ယနေ့ ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မိုင်းပေါက်ကွဲပြီး တံတားဂိတ်မီးလောင်သွားကြောင်း ကနဦးသိရှိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရပြီး ပေါက်ကွဲမှု အသံကို မဲဆောက်နှင့်မြ၀တီ...

တမူးတွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်တပ်တို့ တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၅ ဦးထက် မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းတိုင်း တမူးမြို့ တမူး - အောင်ဇေယျကားလမ်းပိုင်းတွင် တပ်အချိန် ပြောင်းပြုလုပ်နေသည့် စစ်တပ် ယာဉ်တန်းအား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(တမူးမြို့) တပ်ရင်း - ၁ ၊ တပ်ရင်း - ၂ တို့က ယနေ့ ဧပြီလ...

ရေစကြို-ချောင်းဦးလမ်းကို PDF များ တားဆီးစစ်ဆေး၊ ပြည်သူများအနေဖြင့် လုံခြုံရေးအရ စစ်ဆေးမှုကို ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ ဧပြီ ၂၃ မကွေးတိုင်း၊ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လုံခြုံရေးလိုအပ်ချက်အရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကားများကို တားဆီး စစ်ဆေးမှုများ လုပ်ဆောင်နေရပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် PDF က မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်က ရေစကြိုမြို့နယ်တွင်း လမ်းမကြီးများကို လိုအပ်လျင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သောကြောင့်...

နတ်တလင်းတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၅ဦး သေဆုံး၊ ဂန့်ဂေါတွင်လည်း စစ်ကောင်စီ စစ်ကြောင်းများ မိုင်းဆွဲ ခံရကာ စစ်သား ၂ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၃ ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနှင့် ကျောက်ပြုတ်ရွာကြားတွင် ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက် ၈နာရီခန့်တွင် Bago Region PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ(၃)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း...

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာ စခန်းမှ ဆုတ်ခွာသွားခြင်းမရှိသော စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဧပြီ ၂၃ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်းရှိ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်ပါးစေ BGF များတပ်စွဲထားသော စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ တပ်ရင်းတပ်ဖွဲ့များ၊ KNDO တပ်ဖွဲ့များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့...

ကလေးမြို့၊ ရှေရှင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ ရဲ ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံးပြီး အလောင်း မကောက်နိုင်ဘဲ ထွက်ပြေး

ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာအနီး တိုက်ပွဲတွင် အရာရှိ ၃ ဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ ခန့် သေဆုံးကြောင်း PDF Kalay က သတင်းထုတ်ပြန်သည်။အဆိုပါတိုက်ပွဲတွင် ဗိုလ်ကြီးထက်အောင်ခိုင်...

ငပုတောမြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို မတွေ့၍ အသက် ၁၀ လအရွယ် သမီးငယ်နှင့်ဇနီးဖြစ်သူ အပါအဝင် အတူနေ မိသားစုဝင် ၆ ဦးကိုပါ စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၂၃ ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် ကညင်ချောင်းရွာတွင် နေထိုင်နေသည့် ငပုတောမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး၏ ဇနီး မနန်းယုသိန်းနှင့် ၁၀ လအရွယ် သမီးငယ် မဆုမြတ်ပိုင် အပါအဝင် ၎င်းတို့ကို စောင့်ရှောက်ပေးထားသော ဦးလေးဖြစ်သူ ဦးတင်ဦးနှင့်...

ချောင်းဦး၊ အင်းမကျေးရွာကို စစ်တပ်က ဝင်စီးပြီး အပြစ်မဲ့ပြည်သူ ဦးဝင်းမြင့်ကို ပစ်သတ်၊ အိမ်ခြေ ၇၀ ကျော်ကို မီးရှို့ ပြာချ

ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ အင်းမကျေးရွာ စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ ပြည်သူ ဦးဝင်းမြင့်ကို ပစ်သတ်ကာ အိမ်ခြေ ၇၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ်၊ အင်းမရွာမှ ပြည်သူများက...

Latest news

- Advertisement -spot_img