26.8 C
Yangon
spot_img

CATEGORY

News

ခင်ဦးတွင် စစ်တပ် တပ်စွဲထားသော နေရာများ ၂ရက်ဆက်တိုက် တိုက်ခိုက် ခံရပြီး စစ်သားနှင့် ပျူစောထီး ၃ဝ ထက်မနည်း သေဆုံး၊ PDF ရဲဘော် ၂ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၁၅ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဧပြီလ ၁၄ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ဝ ဦး ထက်မနည်း ကျဆုံးကာ PDF ရဲဘော်...

ပေါက်မြို့နယ် ကျောက်အိုးရွာကို စစ်တပ်က ၃ကြိမ် မီးဝင်ရှို့ ပြည်သူပိုင် နေအိမ် ၁ဝဝခန့် မီးလောင်ပြာကျ

ရန်ကုန်၊ ဧပြီ ၁၅ မကွေးတိုင်း ပေါက်မြို့နယ် ကျောက်အိုးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၁၁ရက်၊ ၁၄ရက်နှင့် ၁၅ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၁ဝဝခန့် မီးလောင် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ...

ပခုက္ကူ နည်းပညာ တက္ကသိုလ် အနီး တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များ ၆ဝ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ စစ်သား ၅ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၅ မကွေးတိုင်း ပခုက္ကူ နည်းပညာ တက္ကသိုလ် အနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်တွင် ကာကွယ်ရေး တပ်ဖွဲ့များက ၆ဝ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး...

မြစ်ကြီးနား လမ်းလျှောက် သင်္ကြန်တွင် ယနေ့ညနေ သေနတ်ပစ်ဖောက်မှုမှာ စစ်သားနှင့်ရဲများ မူးရူးကခုန်ရာမှ ကျည်ပေါက်ထွက်ခြင်းဖြစ်၊ စစ်တပ်ကမူ ရန်ဖြစ်နေ၍ သေနတ်ဖောက်လူစုခွဲဟု လိမ်လည်

ရန်ကုန်၊ ဧပြီ ၁၅ ကချင်ပြည်နယ်၊ မြစ်ကြီးနား လမ်းလျှောက်သင်္ကြန်တွင် ယနေ့ ညနေပိုင်း သေနတ်ပစ်ဖောက်မှုမှာ စစ်သားနှင့်ရဲများ မူးရူး ကခုန်ရာမှ သေနတ် ကျည်များပေါက်ထွက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြ သ ည်။ "စစ်ခွေးလား ရဲခွေးလားမသိဘူး။ မူးကြောင်မူးကြောင်နဲ့ ကခုန်ရင်း သူတို့ကိုင်ထားတဲ့‌သေနတ်ကကျည်ထွက်သွားတာကစသွားတာပါ။ အရင်ရက်တွေက အပျော်အပါးမရှိတဲ့...

လေးကေ့ကော်ကို ထိုးစစ်ဆင်ပြီး ထွက်ပြေး ဆုတ်ခွာသွားသော အကြမ်းဖက်စစ်တပ်၏ စစ်လက်နက်အသုံးအဆောင်များ ထပ်မံ သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၁၅ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊လေးကေ့ကော်တွင် KNLA နှင့် PDF ပူးပေါင်းတပ်များကို ထိုးစစ်ဆင်ပြီး ထွက်ပြေး ဆုတ်ခွာသွားသော အကြမ်းဖက်စစ် တပ် ၏ စစ်လက်နက်အသုံးအဆောင်များကို ယနေ့တွင် ထပ်မံ သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်း က သတင်းထုတ်ပြန်သည်။ ကော်ဘရာစစ်ကြောင်းက...

စစ်ကောင်စီ၏ဒလမြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စစ်တပ်နှင့်ရဲ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်၊ မဏ္ဍပ်ဖြုတ်သိမ်း

ရန်ကုန်၊ ဧပြီ ၁၅ ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ မြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်း စစ်တပ်နှင့်ရဲ ရန်ဖြစ်ပြီး ပစ်ခတ်ဖြစ်ပွားသဖြင့် မြို့နယ်သင်္ကြန်မဏ္ဍပ်ကို ဖြုတ်သိမ်းလိုက်ရကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ "ဒီနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ ဒလမြို့နယ်...

ကရင်နီပြည်နယ်တွင် ဧပြီလ ဒုတိယတပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံး၊ ကရင်နီရဲဘော် ၁၀ ဦး ကျဆုံး

ရန်ကုန်၊ ဧပြီ ၁၅ ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ဒုတိယတပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၀ ဦး ကျဆုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။ဧပြီလ...

ဧရာ၀တီတိုင်း၊ ကျောင်းကုန်းမြို့လယ်ရှိ ဗဟိုသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၁၅ ဧရာ၀တီတိုင်း၊ ကျောင်းကုန်းဗဟိုသင်္ကြန်မဏ္ဍပ်တွင် ယနေ့ ညနေ ၅ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှသိရှိရသည်။ ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် မြို့လယ်ခေါင်ရှိ ကျောင်းကုန်းဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲပြီး လူတချို့ထိခိုက်ဒဏ်ရာရရှိကြောင်း၊ လက်ရှိတွင် တံတားအတက်အဆင်းတွင် စစ်တပ်က ပိတ်ဆို့...

မုံရွာနှင့် ထီးချိုင့်တွင် စစ်ကောင်စီ စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ထီလင်းတွင် သေနတ်ဒဏ်ရာဖြင့် ထွက်ပြေး သွားသော အကြမ်းဖက် စစ်တပ်က ဗိုလ်ကြီး နေလင်းအောင် ရုပ်အလောင်း ပြန်တွေ့

ရန်ကုန်၊ ဧပြီ ၁၅ စစ်ကိုင်းတိုင်း မုံရွာမြို့ ပြည်ထောင်စုလမ်းမပေါ်ရှိ ကန်သာယာထောင့်တွင် စစ်ဆေးရေး ပြုလုပ်ရန် ရောက်လာသည့် စစ်ကားကို မြို့ပြပျောက်ကြား တပ်ဖွဲ့ ၂ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း Generation Defense Force ပျောက်ကြား...

မိတ္ထီလာတွင် သင်္ကြန် အကြတ်နေ့ အကြမ်းဖက် စစ်တပ်က ပြုလုပ်သည့် သင်္ကြန်ပွဲ ပြည်သူများ ပါဝင် ဆင်နွှဲခြင်း မရှိဘဲ သပိတ်မှောက်

ရန်ကုန်၊ ဧပြီ ၁၅ မိတ္ထီလာမြို့တွင် ယနေ့ ကျရောက်သော သင်္ကြန် အကြတ်နေ့၌ အကြမ်းဖက် စစ်တပ်က ပြုလုပ်သည့် သင်္ကြန်ပွဲကို ပြည်သူများ ပါဝင်ဆင်နွှဲခြင်း မရှိဘဲ ဆက်တိုက် သပိတ်မှောက်လျက် ရှိကြောင်း သိရသည်။

Latest news

- Advertisement -spot_img