30.7 C
Yangon
spot_img

CATEGORY

News

ကြို့ပင်ကောက်၊ ကြည်စုရွာတွင် စစ်မှုထမ်းကြေး တစ်အိမ်လျှင် ငွေကျပ် ၆ သောင်း လစဉ် ကောက်ခံနေသော ပျူစောထီး ဘိုကြီး ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၉ ပဲခူးတိုင်း၊ ကြို့ပင်ကောက်၊ ကြည်စုရွာတွင် စစ်မှုထမ်းကြေးအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၆ သောင်း လစဉ် ကောက်ခံနေသော ပျူစောထီး ဘိုကြီး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝတီ ခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅...

ဧရာ၀တီတိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း ကလေးစစ်သား မောင်ဇင်ကိုကို လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၂၉ ဧရာ၀တီတိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း ကလေးစစ်သား မောင်ဇင်ကိုကိုက တာဝန်ကျရာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခမရ ၄၀၄ မှ လက်နက်ခဲယမ်းများယူဆောင်၍ တော်လှန်ရေးတပ်ထံသို့ အလင်းဝင်လာကြောင်း PDF Dawei District...

မြင်းခြံတွင် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ​ဩဂုတ် ၂၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရေစကြိုတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ်လ ၂၃ ရက်နေ့၊ ဩဂုတ်လ ၂၇ ရက်နေ့နှင့် ဩဂုတ်လ ၂၈...

မြန်မာနှင့်လာအိုမှ အသက်မပြည့်သေးသော မိန်းကလေးငယ်များ၏ အပြာ ဓာတ်ပုံများ ရိုက်ကူးထုတ်လုပ်နေသော ဂျပန်နိုင်ငံသား သွားဆရာဝန်နှင့် သက်ကြီးရွယ်အို ၂ ဦးတို့ကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၂၉ မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံမှ အသက်မပြည့်သေးသော မိန်းကလေးငယ်များ၏ မဖွယ်မရာဓာတ်ပုံများ ရိုက်ကူးထုတ်လုပ်နေသော ဂျပန်သက်ကြီးရွယ်အို ၂ ဦးကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ကြောင်း ဂျပန်မှ လာသော သတင်းများအရ သိရှိရသည်။ ဂျပန်ရဲတပ်ဖွဲ့က ဂျပန်နိုင်ငံသား သက်ကြီးရွယ်အို ၂ ဦးကို အသက်မပြည့်သေးသော ကလေးများ၏ အပြာဓာတ်ပုံများ ရိုက်ကူးထုတ်လုပ်မှုဖြင့်...

အကြမ်းဖက်စစ်တပ်ကို အပြီးသတ်အနိုင်ယူနိုင်ရေး NUG တိုင်းစစ်ဌာန ၁၀ ခုမှ တပ်မှူးကြီးများ အစည်းအဝေး ခေါ်ယူပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်

ရန်ကုန်၊ ဩဂုတ် ၂၉ အကြမ်းဖက်စစ်တပ်ကို အပြီးသတ်အနိုင်ယူနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ် ရေးဝန်ကြီးဌာနက တိုင်းစစ်ဌာန ၁၀ ခုမှ တပ်မှူးကြီးများကို အစည်းအဝေး ခေါ်ယူပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်...

ထိုင်းနိုင်ငံ၊ ကြက်သားဆော့စက်အလုပ်ရုံတွင် မြန်မာအလုပ်သမား ကိုအောင်ဇော်လင်း လုပ်ငန်းခွင်မတော်တဆမှုဖြင့် သေဆုံးခဲ့ပြီး ကျန်ရစ်သူမိသားစု မပါဘဲ အလုပ်ရှင်က သဂြိုလ်ရန်ကြိုးစား

ရန်ကုန်၊ ဩဂုတ် ၂၉ ထိုင်းနိုင်ငံ၊ ဆာလာပူလီမြို့ရှိ ကြက်သားဆော့စက်အလုပ်ရုံတွင် မြန်မာအလုပ်သမား ကိုအောင်ဇော်လင်း လုပ်ငန်းခွင်မတော်တဆမှုဖြင့် သေဆုံးခဲ့ပြီး ကျန်ရစ်သူမိသားစုကို အသိမပေးဘဲ အလုပ်ရှင်က သဂြိုလ်ရန်ကြိုးစားနေသဖြင့် တားမြစ်ထားရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဩဂုတ်လ ၂၅ ရက်နေ့ ကြက်သားဆော့စက်ရုံ၏ ကြက်သားအိုးကျိုသည့် ရေနွေးအိုး...

ပြည်တွင်း ပါဆယ်ပို့နှင့်အမြန်ချောလုပ်ငန်းများက တားမြစ်နှင့်ကန့်သတ်ကုန်များ ပို့ဆောင်လျှင် လုပ် ငန်းလိုင်စင်ပိတ်သိမ်းမည့်အပြင် ဥပဒေပုဒ်မများစွာဖြင့် အရေးယူမည်ဟု စစ်တပ်က ခြိမ်းခြောက်

ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ချင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်၊ ကရင်နီပြည်များသို့ ဆိုလာ၊ ဆေးဝါး၊ လူသုံးကုန် ၊ စားနပ်ရိက္ခာ၊ စက်သုံးဆီ အပါအဝင် ကုန်အားလုံးနီးပါး ပို့ဆောင်ခွင့် စစ်တပ်က တားမြစ် ရန်ကုန်၊ ဩဂုတ် ၂၉ ပြည်တွင်း ပါဆယ်ပို့နှင့်အမြန်ချောလုပ်ငန်းများအနေဖြင့် လက်နက်ခဲယမ်းများနှင့် တားမြစ်ကန့်...

ကမ္ဘာ့စစ်ရာဇဝတ်တရားခံ စစ်တပ်က KNU ကို အကြမ်းဖက်အဖြစ် ကြေညာမှု “သူခိုးက လူပြန်ဟစ်” နေခြင်းဖြစ်ပြီး ဂရုစိုက်စရာ အကြောင်းမရှိဟု KNU တုံ့ပြန်

ICJ ၊ ICC နှင့် အာဂျင်တီးနားတရားရုံးများတွင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများဖြင့် မြန်မာစစ်တပ်ကို စွဲချက်တင်ထားမှုက သက်သေဟုဆို ရန်ကုန်၊ ဩဂုတ် ၂၉ ပြည်သူများကို သတ်ဖြတ်နေသော ကမ္ဘာ့စစ်ရာဇဝတ်တရားခံ စစ်တပ်က ကရင်အမျိုးသားအစည်း အရုံး- KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှုမှာ သူခိုးက လူပြန်ဟစ်သော...

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးကာ၊ ၁၇ ဦး အပြင်းထန် ထိခိုက်ဒဏ်ရာရရှိ Yae Nagar မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ...

ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ မုံရွာမြို့တွင် ဂျင်ဘားသို့ လာရောက်သည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၈ မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၆ ရက်နေ့တွင် ကမ္မမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းဂိတ်ကို တော်လှန်ရေး...

Latest news

- Advertisement -spot_img