25.2 C
Yangon
spot_img

CATEGORY

News

ပွင့်ဖြူမြို့နယ်၊ အုတ်ဖိုကျေးရွာ အထက(ခွဲ) စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စာသင်ဆောင်အချို့ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၃ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အုတ်ဖိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ-အထက(ခွဲ) ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ Grade 10 စာသင်ဆောင်အပါအဝင် စာသင်ကျောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် စကုမြို့နယ်ဘက်မှ...

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်တွင် အော်ပရာစီ စီမံချက်ဖြင့် နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ပိတ်ဆို့စစ်ဆေးပြီး မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ၊ ထရန်ဂါနူးပြည်နယ်တွင်လည်း တရားမဝင် မြန်မာ ၂၀ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁၃ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန် (Klang) နှင့် ရှားအလန်း (Shah Alam) မြို့များရှိ နိုင်ငံခြားသားအများစု နေထိုင်အလုပ်လုပ်ကိုင်သည့် နေရာများကို ဌာနပေါင်းစုံပူးပေါင်းအဖွဲ့က အော်ပရာစီစစ်ဆင်ရေးဖြင့် ပိတ်ဆို့စစ်ဆေးရာ နိုင်ငံခြားသား ၁၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁၂ ဦး...

အာဆီယံဘုံသဘောတူညီချက်များကို ငြင်းပယ်နေသည့် အကြမ်းဖက်စစ်တပ်နှင့် ပြန်လည်သင့်မြတ်ရေး စေ့စပ်ညှိနှိုင်းရန် ခက်ခဲဟု တိုင်းရင်းသား EROs၊ NUG အပါအဝင် ဒီမိုကရေစီနိုင်ငံရေးအင် အားစုအဖွဲ့ ၂၀ က သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၃ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်နေသည့် အကြမ်းဖက်စစ်တပ်နှင့် ပြန်လည်သင့်မြတ်ရေး စေ့စပ်ညှိနှိုင်းရန် ခက်ခဲကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ NUG အပါအဝင် ဒီမိုကရေစီနိုင်ငံရေးအင်အားစုအဖွဲ့ ၂၀ က ပူးတွဲသတိပေးလိုက်သည်။ မြန်မာ့ဒီမိုကရေစီနိုင်ငံရေးအင်အားစု ၂၀ ခုက “ဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ...

ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

ရန်ကုန်၊ ဇူလိုင် ၁၃ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က နေ့စဉ်ဆက်တိုက် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း ဂျက်တိုက်လေယာဉ်နှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် ၇ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များ တိုးမြှင့်ကျူးလွန်နေမှု အမြန်ဆုံးအရေးယူရန် KHRW တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များကို တိုးမြှင့်ကျူးလွန်နေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ကျူးလွန်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က တောင်းဆိုလိုက်သည်။ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် KHRW က...

SCEF နှင့် CDM အဖွဲ့ ၈ ခု တွေ့ဆုံပြီး CDM နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် လုံခြုံရေး ခိုင်မာသော အာမခံချက်များရှိစေရန် အပါအဝင် အချက် ၉ ချက် တင်ပြတောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၃ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ဒေသဆိုင်ရာ CDM အဖွဲ့အစည်း ၈ ခုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တော်လှန်ရေးကာလနှင့် ကြားကာလအတွင်း CDM နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် လုံခြုံရေးအတွက် ခိုင်မာသော အာမခံချက်များရှိစေရန် အပါအဝင် CDM ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့်...

မင်းအောင်လှိုင်၏ ဆီခွဲတမ်းလျှော့ချမှုကြောင့် ဖြစ်ပေါ်လာသော စားအုန်းဆီဈေး တဟုန်ထိုးမြင့်တက်မှုအပေါ် ဖမ်းဆီးအရေးယူရန် အမိန့်ထွက်လာ၍ ဆီဈေးကွက်နှင့် ကုန်သည်များ ဝရုန်းသုန်းကားဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စားအုန်းဆီဈေးနှုန်းမြင့်တက်မှုအပေါ် ဆီကုန်သည်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများကို ဖမ်းဆီးအရေးယူရန် အမိန့်ထုတ်လိုက်သဖြင့် ဆီကုန် သည်များ အရောင်းအဝယ်ရပ်ဆိုင်းကာ စားအုန်းဆီဈေးကွက်တစ်ခုလုံး ဝရုန်း သုန်းကားနှင့် ဂယောက်ဂယက်ဖြစ်ပေါ်နေကြောင်း ဆီကုန်သည်အသိုင်းအဝိုင်းထံမှ သိရှိရသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန် အကြောင်းပြ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး ဖျော်ဖြေရေး ဘားတစ်ခုတွင် မီး လောင်ပေါက်ကွဲမှုကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရ၊ ၂၂ ဦး စိုးရိမ်ရ

ရန်ကုန်၊ ဇူလိုင် ၁၃ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူသိများသော ဘားနှင့် စားသောက်ဆိုင်တစ်ခုတွင် မီးလောင်ပေါက်ကွဲမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။ ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းတွင် ဘန်ကောက်မြို့စွန်ရှိ Rong...

မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများကို အိန္ဒိယအရှေ့မြောက်ပိုင်းမှတစ်ဆင့် သယ်ယူရန် မှောင်ခိုသမားများက အမျိုးသမီးများနှင့် ကလေးသူငယ်များကို အသုံးချနေ

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှတစ်ဆင့် နိုင်ငံအတွင်းပိုင်းသို့ သယ်ယူပို့ဆောင်ရာတွင် မူးယစ်မှောင်ခိုသမားများက အမျိုးသမီးများနှင့် ကလေးသူငယ်များကိုပါ အသုံးချလာကြောင်း အာသံပြည်နယ် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန CID က ထုတ်ဖော်ပြောဆိုသည်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများကို ပူးပေါင်းနှိမ်နင်းရန် မြန်မာဘက်ထံ အကူအညီတောင်းခံခဲ့ပြီး ရက်ပိုင်းအကြာတွင်...

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ၊ အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြင်တွေ့လိုဟု မြန်မာစစ်တပ်ကို ပြော

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုလိုက်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုသည်။ ယမန်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး...

Latest news

- Advertisement -spot_img