31 C
Yangon
spot_img

CATEGORY

Politics

မန္တလေး KBZ စက်မှုဘဏ်ခွဲ ဗုံးပစ်ခံရပြီး ၁ ဦးထိခိုက်၊ ဆက်သွယ်ရေးရုံးကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ဦး ဒဏ်ရာရ၊ ရန်ကုန်ကမာရွတ်တွင် ကင်း စောင့်စစ်အုပ်စုကို ဗုံးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်ချိန် ဖြတ်သန်းသွားသည့် ပြည်သူကြောင့် အစီအမံ ရွှေ့လိုက်ရ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ မန္တလေးမြို့၊ စက်မှုစျေးထိပ်ရှိ ကမ္ဘောဇဘဏ်ခွဲ ၄၀ ကို ယနေ့ နံနက်ပိုင်းတွင် ဗုံးပစ်တိုက်ခိုက်လိုက်ပြီး ဗုံးကွဲမှုကြောင့် မှန်များကွဲကာ လူ ၁ ဦး ထိခိုက်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ VOMDY က ပြောသည်။ မန္တလေး၊ ၆၂ လမ်း၊ ၁၃၃ လမ်း၊...

ရွှေဘိုတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လူထုကိုမထိနဲ့ မီးပွင့်သွားမယ်” ​ကြွေး​ကြော်သည့် လောင်း လုံးစစ်အာဏာရှင် ဆန့်ကျင်​ရေး သပိတ်

ရန်ကုန်၊ ဇန်နဝါရီလ ၂၈တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံ ပညာကျောင်းသားများသမဂ္ဂက ဇန်နဝါရီလ ၂၈ရက်​နေ့ နံနက်ပိုင်းတွင် ``လူထုကိုမထိနဲ့ မီးပွင့်သွားမယ်´´ဆိုသည့် ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ကို သပိတ်မှောက်ဆန္ဒထုတ် ဖော်ကြသည်။

မန္တလေးတွင် တိတ်ဆိတ်ခြင်း သပိတ် ပြည်သူများ ပါဝင်​ရေး တိုက်တွန်းပြီး စစ်အာဏာရှင် ဖြုတ်ချ​ရေး ချီတက် သပိတ်​မှောက်

ရန်ကုန်၊ ဇန်နဝါရီ ၂၈ မန္တလေးတွင် တိတ်ဆိတ်ခြင်း သပိတ် ပြည်သူများ ပါဝင်​ရေး တိုက်တွန်းပြီး စစ်အာဏာရှင် ဖြုတ်ချ​ရေး ယ​နေ့နံနက်ပိုင်း ချီတက် သပိတ်​မှောက်ကြသည်။ယင်းသပိတ်တွင် မန္တလေး သံဃသမဂ္ဂ၊ အမျိုးသမီး၊ အောင်မြေသာစံ၊ GZ၊ LGBT ပူးပေါင်းသပိတ်စစ် ကြောင်းများ ပါဝင်သည်။

ခမရ ၆၄၂ မှ တပ်သား မျိုးလွင်ဦး KNU တပ်မဟာ ၅ ထံတွင် အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် လာရောက် အခြေချနေသော စစ်ကောင်စီ၏ ခမရ ၆၄၂ မှ တပ်သား မျိုးလွင်ဦးသည် စစ်ကောင်စီ၏ အကြမ်း ဖက်လုပ်ရပ်များကို မနှစ်သက်တော့သည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ထံတွင် လာရောက် အလင်းဝင်ခဲ့ကြောင်း KNU တပ်မဟာ...

ရန်ကုန်တိုင်းလှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးတပ် ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရန်ကုန်တိုင်းလှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးတပ်ကို ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ပြီး စစ်သားများ ထိ ခိုက်ကြောင်း ရန်ကုန်အခြေစိုက် From Zero to Hero တပ်ဖွဲ့က ပြောသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့...

မြန်မာ့အရေး ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးရန် ကြိုးစားနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ ပုဂ္ဂိုလ်က NUG အစိုးရကို အသိ​ပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၇ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် Derek Chollet၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kin Moy တို့ ယနေ့ ဇန်နဝါရီလ...

ရန်ကုန်သာကေတမြို့နယ် ရဲစခန်း အပစ်ခံရ၊ သန်လျင်မြို့နယ်လျှပ်စစ်ရုံးနှင့်လှိုင်မြို့နယ်တို့တွင်လည်း ဗုံးများ ပေါက်ကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရန်ကုန်တိုင်း ၊ သာကေတမြို့နယ် ရဲစခန်း ယနေ့ ညပိုင်း အပစ်ခတ်ခံရပြီး သန်လျင်မြို့နယ်လျှပ်စစ်ရု့းနှင့် လှိုင်မြို့နယ်တို့တွင်လည်း ဗုံးများပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် သာကေတ မြို့နယ်တွင်...

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၇စစ်ကိုင်းတိုင်း ယင်မာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒီပဲယင်းတွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး မြို့နယ် လူထု သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၇ဒီပဲယင်းတွင် မြို့နယ် လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img