26.5 C
Yangon
spot_img

CATEGORY

Politics

“ကျနော်တို့ မြန်မာပြည်ကြုံတွေ့နေရတဲ့ အခက်အခဲဟာ အင်မတန်ကိုကြီးမားတဲ့ အခက်အခဲပါ။ တော်ရုံ တန်ရုံ အပြကောင်းတဲ့ လုပ်ရပ်မျိုးနဲ့ မရပါဘူး။ အရင်းအမြစ်က စပြီးတော့ တိတိကျကျ ပြောင်းလဲမယ့် စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှ ရမှာပါ”

By ရန်ကုန်ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ယနေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေးလိုက်ရာ ယင်းအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ လူထုခေါင်း ဆောင် လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အခြေ အနေများနှင့်ပတ်သက်၍လည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြောရေး ဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမျိုးညွှန့်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မည်သည့် သတင်းအချက် အလက်မှ မရရှိဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ပြော

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မည်သည့် သတင်းအချက် အလက်မှ မရရှိဟု NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုအလုပ် အမှု ဆောင်လည်းဖြစ်သူ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ "ကျနော်တို့ အဲဒီသတင်းတွေနဲ့...

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် ပြန်လည်ဆုံစည်း

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ပြီးနောက် ယနေ့ ပြန်လည် လွတ်မြောက်လာသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်သည် မိသားစုနှင့်အတူ ပြန်လည် ဆုံစည်းနေပြီဖြစ်ကြောင်း စာရေးဆရာထင်လင်ဦးက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ယနေ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်မှုလက်ကျန်ကိုပါ...

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးမင်းအောင်လှိုင်ဖြစ်လာသော်လည်း အကြမ်းဖက် အမူအကျင့် အတိုင်း ပြည်သူကို သတ်ဖြတ်နေ၍ တရားမျှတမှုဖော်ဆောင်မည်ဟု NUG ဝန်ကြီးချုပ် ပြောဆို

ရန်ကုန်၊ ဧပြီ ၁၇ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးမင်းအောင်လှိုင်ဖြစ်လာသော်လည်း အကြမ်းဖက် အမူ အကျင့် အတိုင်း ပြည်သူကို သတ်ဖြတ်နေ၍ တရားမျှတမှုဖော်ဆောင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။ ယမန်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက...

အတုအယောင် ရွေးကောက်ပွဲဖြင့် တရားဝင်မှု ရရှိရန် ကမ္ဘာကို လိမ်လည်နေသည့် မြန်မာစစ်တပ်ကို အမေရိကန်အစိုးရက ပိုမိုထိရောက် ပြတ်သားစွာ အရေးယူရေး တွန်းအားပေးမည်ဟု အမေရိကန်အထက်လွှတ်တော်အမတ် Chris Van Hollen ပြော

ရန်ကုန်၊ ဧပြီ ၁၇ မြန်မာစစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲများ ကျင်းပကာ နိုင်ငံတကာမိသားစုကို လှည့်စားရန် ကြိုးပမ်းနေသော်လည်း အမေရိကန်အစိုးရအနေဖြင့် စစ်ကောင်စီအပေါ် ပိုမိုပြတ်သားထိရောက်သော အရေးယူမှုများပြုလုပ်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် Chris Van Hollen က ပြောကြားလိုက်သည်။ ဧပြီလ ၁၅ ရက်နေ့က ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သည့်...

ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုများ၊ ကျားဖြန့်များနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို မြန်မာစစ်တပ်နှင့်ဆက်နွယ်နေသော DKBA ၊ BGF တို့က ကာကွယ်ပေးကာ လည်ပတ်နေ၍ တိုက်ဖျက်ရန် KNU က အမေရိကန်ကို အကူအညီတောင်း

ရန်ကုန်၊ ဧပြီ ၁၆ ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုများ၊ ကျားဖြန့်များနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို မြန်မာ စစ်တပ်နှင့်ဆက်နွယ်နေသော BGF ၊ DKBA လက်နက်ကိုင်များက ကာကွယ်ပေးကာ လည် ပတ်နေ၍ တိုက်ဖျက်ရန် ကရင်အမျိုးသားအစည်းအရုံး-KNU က အမေရိကန်ကို အကူအညီတောင်းလိုက်သည်။ ဧပြီလ ၁၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင်...

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ ဖက်ဒရယ် ဦးဆောင်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန်၊ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် အမေရိကန်ကို NUG ဝန်ကြီးချုပ် တောင်းဆို

ရန်ကုန်၊ ဧပြီ ၁၆ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ ဖက်ဒရယ် ဦးဆောင်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန်နှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် အမေရိကန်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တရားဝင်တောင်းဆိုသည်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ပြုလုပ်သည့် မြန်မာ့အရေး ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲသို့ ပေးပို့သော အဖွင့်မိန့်ခွန်းတွင် NUG ဝန်ကြီးချုပ်က ယင်းသို့...

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီတွင် တော်လှန်ရေး အင်အားစုများအားလုံး ပါဝင်လာရေး ကြိုးပမ်းပြီး စစ်မိစ္ဆာကို ညီညွတ်မှုဖြင့် ရင်ဆိုင်တိုက်ပွဲဝင်မည်ဟု NUG ယာယီသမ္မတ ပြော

ရန်ကုန်၊ ဧပြီ ၁၆ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီတွင် တော်လှန်ရေး အင်အားစုများအားလုံး ပါဝင်လာရေး ကြိုးပမ်းပြီး စစ်မိစ္ဆာကို ညီညွတ်မှုဖြင့် ရင်ဆိုင်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့နှင့် မြန်မာ့နှစ်သစ်ကူးနေ့ဖြစ်သည့် ယနေ့...

မြန်မာနှစ်သစ်ကူးတွင် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို မိသားစုများနှင့် ပြန်လည်ဆုံစည်းနိုင်ရေး လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

ရန်ကုန်၊ ဧပြီ ၁၅ မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန် အခါသမယတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းကျနေသူအားလုံး မိသားစုများနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိရန် သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ ကိုထိန်လင်းက သူ၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားရာတွင် သင်္ကြန်ကာလသည် ခွင့်လွှတ်ခြင်း၊...

မင်းအောင်လှိုင် သမ္မတကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့ နိုင်ငံများ အကြီးအကဲများစာရင်းတွင် မြန်မာနိုင်ငံ အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထား၊ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ကုလသမဂ္ဂက အသိအမှတ်မပြု

ရန်ကုန်၊ ဧပြီ ၁၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ယမန်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံအကြီး အကဲများဆိုင်ရာ နောက်ဆုံးစာရင်းတွင် မြန်မာနိုင်ငံတော် အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထားသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင်...

Latest news

- Advertisement -spot_img