25.3 C
Yangon
spot_img

CATEGORY

TV Channel

ရွှေဘိုတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကြောင်း Black Wolf-PDF က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၃၀ရက်နေ့ ညနေ ၆ နာရီ ၂၅မိနစ်အချိန်...

စစ်အုပ်စု ခြောက်ခြားနေတဲ့ အသံတိတ်သပိတ်မှာ ပြည်သူအားလုံး ပါဝင်ပြီး တော်လှန်ရေး သွေးမအေးကြောင်း ပြသကြဖို့ ဒေါက်တာတေဇာစန်း တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်အုပ်စု ခြောက်ခြားနေတဲ့ အသံတိတ်သပိတ်မှာ ပြည်သူအားလုံး ပါဝင်ပြီး တော်လှန်ရေး သွေးမအေးကြောင်း ပြသကြဖို့ ဒေါက်တာတေဇာစန်းက ပြည်သူကို တိုက်တွန်းလိုက်ပါတယ်။ ဒေါက်တာတေဇာစန်းရဲ့ ပြည်သူကို တိုက်တွန်းချက်တချို့ကို အောက်ပါ အတိုင်း ဖော်ပြလိုက်ပါတယ်။ ယခု နွေဦးတော်လှန်ရေးနှစ်ပတ်လည်၊ ဖေဖော်ဝါရီ (၁) ရက်နေ့အတွက်...

ရန်ကုန်မြို့လယ်ခေါင်တွင် “တစ်နိုင်ငံလုံး ဆွေးဆွေးနီတော်လှန်ရေး(၁)နှစ်ပြည့်ပြီ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရန်ကုန်မြို့လယ်ခေါင်တွင် “တစ်နိုင်ငံလုံး ဆွေးဆွေးနီတော်လှန်ရေး(၁)နှစ်ပြည့်ပြီ" ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ရန်ကုန်လူထုသပိတ်စစ်ကြောင်းက ယနေ့ ညနေပိုင်းတွင် ဦးဆောင် ချီတက်သပိတ် မှောက်သည်။ ရန်ကုန်လူထုသပိတ်က ကြေညာထုတ်ပြန်ထားသော လူထုတော်လှန်ရေးတိုက်တွန်းချက်( ၃ )ရပ်ဖြစ်သည့်ဖေဖော်ဝါရီ ၁ရက်နေ့ - အနီရောင်လှုပ်ရှားမှု...

ရန်ကုန်တွင် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ရေး ပိုစတာချိတ်ဆွဲ လှုံ့ဆော်

ရန်ကုန်၊ဇန်နဝါရီ ၃၀ ရန်ကုန်မြို့တော်တွင် အသံတိတ် သပိတ် ပြည်သူများ ပါဝင်ရေး “Feb 1, Silent Strike တွင် ပါဝင်ကြပါစို့ ပြည်သူအားလုံးသည် တော်လှန်ရေးသမားများ ဖြစ်ကြသည်။” ပိုစတာကို အလုပ်သမားပြည်သူများက ယနေ့ ချိတ်ဆွဲကြသည်။ https://youtu.be/_KfAN04AzQo

ရေဖြူ၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁ စီး ကို DGRF က မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁ စီးကို ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်၌ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ စစ်ကောင်စီ ကားသည် ထားဝယ်မှ...

မြိုင်၊ လင်းကတော ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် ရဲများ ထွက်ပြေးသွားပြီး သေနတ် ၉ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။၁ နာရီခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ စခန်းရှိ မိသားစုဝင်များကို ဖမ်းဆီးရမိသော်လည်း ပြည်သူလူထုဘက်တွင် ရပ်တည်ကြရန် မှာကြားပြီး...

မန္တလေးတွင် စစ်ကောင်စီ တပ်ဖွဲ့က အင်အား အများအပြားဖြင့် ကင်းလှည့်နေ(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သံချပ်ကာကားများ အပါအဝင် စစ်ကား၊ ရဲကား အစီး ၅ဝကျော်ဖြင့် လှည့်လည်ကာ လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။"မန္တလေး ကျုံးနန်းတွင်း...

အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဒယ်ဂူးဘုန်းဘုန်းဦးဆောင်ပြီး တောင်ကိုးရီးယားရောက် မြန်မာများ ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဆန္ဒပြပွဲများကို တောင်ကိုးရီးယားနိုင်ငံတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင်လည်း ဒယ်ဂျွန်းမြို့၌ ဒယ်ဂူးဘုန်းဘုန်းနှင့် တောင်ကိုးရီးယားရောက် မြန်မာများ စုပေါင်းဆန္ဒပြကြသည်။ https://youtu.be/9lOokswOYiQ

ရွှေဘိုတွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ် မှောက်(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်အာဏာရှင် ချေမှုန်းရေးအတွက် ပြည်သူများက ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။ https://youtu.be/quI2t1FcKX0

ဆားလင်းကြီးတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၉စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ https://youtu.be/2f578YobAtM

Latest news

- Advertisement -spot_img