27 C
Yangon
- Advertisement -spot_img

TAG

khit thit news

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာဟု စစ်တပ်ထောက်ခံသော သတင်းဌာနများနှင့်တယ်လီဂရန်ချန်နယ်များက တစ်ပြိုင်နက်တည်း သတင်းဖော်ပြ

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း စစ်တပ်ထောက်ခံသော Popular News Journal သတင်းဌာန၊ NP News အပါအဝင် စစ်တပ်၏ သတင်းတယ်လီဂရန်ချန်နယ်များအားလုံးက တစ်ပြိုင် နက်တည်း သတင်းဖော်ပြ ထုတ်ပြန်ကြသည်။ ယနေ့ ဧပြီလ ၁၇ ရက်နေ့...

စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီ ပြန်လည်လွတ်မြောက်

ရန်ကုန်၊ ဧပြီ ၁၇ စစ်ကောင်စီ၏ နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခံထားရသည့် နာမည်ကြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီသည် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ မရှင်ဒေဝီ လွတ်မြောက်လာသည့်အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်အဖွဲ့ဝင်...

စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်ပြောပြန်

စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်ပြောပြန် ရန်ကုန်၊ ဧပြီ ၁၇ စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင် လှိုင်က စစ်တပ်ကို...

ဘုရားသုံးဆူတွင် တော်လှန်ရေး ရဲဘော်တစ်ဦးကို DKBA ပူးပေါင်းဂိတ်မှ မနော်ဆိုသော အမျိုးသမီးအမိန့်ဖြင့် ပစ်သတ်

ရန်ကုန်၊ ဧပြီ ၁၇ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် YGF (Ye Guerrilla Force - ရေးပြောက်ကျားတပ်ဖွဲ့) မှ ရဲဘော်တစ်ဦးကို DKBA ပူးပေါင်းဂိတ်မှ မနော်ဆိုသော အမျိုးသမီး၏ အမိန့်ပေးမှုဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့...

အကြမ်းဖက် မင်းအောင်လှိုင်က အကျဉ်းသားအကျဉ်း ၄၃၃၅ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး

ရန်ကုန်၊ ဧပြီ ၁၇ ၂၀၂၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းကိုယ်ကိုယ် "နိုင်ငံတော်သမ္မတ" အဖြစ် သုံးနှုန်းပြီး အကျဉ်းသား ၄,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးကြောင်း ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ အကြမ်းဖက် မင်းအောင်လှိုင်က...

အတုအယောင် ရွေးကောက်ပွဲဖြင့် တရားဝင်မှု ရရှိရန် ကမ္ဘာကို လိမ်လည်နေသည့် မြန်မာစစ်တပ်ကို အမေရိကန်အစိုးရက ပိုမိုထိရောက် ပြတ်သားစွာ အရေးယူရေး တွန်းအားပေးမည်ဟု အမေရိကန်အထက်လွှတ်တော်အမတ် Chris Van Hollen ပြော

ရန်ကုန်၊ ဧပြီ ၁၇ မြန်မာစစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲများ ကျင်းပကာ နိုင်ငံတကာမိသားစုကို လှည့်စားရန် ကြိုးပမ်းနေသော်လည်း အမေရိကန်အစိုးရအနေဖြင့် စစ်ကောင်စီအပေါ် ပိုမိုပြတ်သားထိရောက်သော အရေးယူမှုများပြုလုပ်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် Chris Van Hollen က ပြောကြားလိုက်သည်။ ဧပြီလ ၁၅ ရက်နေ့က ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သည့်...

ဘားအံ၊ ဖာပွန်နှင့် ဝက်လက်-အရာတော်မြို့နယ် အစပ်ကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဧပြီ ၁၆ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးရွာအုပ်စုအတွင်းရှိ ရွှေလူရွာ၊ ဘန့်​ဘွေးကုန်းရွာ၊...

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက SCEF ကောင်စီကို အသိအမှတ်ပြုပြီး စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲရလဒ်နှင့် ဟန်ပြအစိုးရကို လုံးဝလက်မခံရန် ဆန္ဒပြတောင်းဆို

ရန်ကုန်၊ ဧပြီ ၁၆ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက SCEF ကောင်စီကို အသိအမှတ်ပြုပြီး အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲရလဒ်နှင့် ဟန်ပြအစိုးရကို လုံးဝလက်မခံရန် ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။ ဂျပန်အစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ...

PSLF/TNLA အနေဖြင့် မင်းအောင်လှိုင်ကို ဂုဏ်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းကို ချက်ချင်းရပ်တန့်ပြီး လူထုယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ ကွန်ယက် က တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၁၆ PSLF/TNLA အနေဖြင့် မင်းအောင်လှိုင်ကို ဂုဏ်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းကို ချက်ချင်းရပ်တန့်ပြီး လူထုယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ ကွန်ယက် - TCSN က ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန် တိုက်တွန်းလိုက်သည်။ ယမန်နေ့ ဧပြီလ ၁၅ ရက်တွင်...

အီရန်စစ်ပွဲနှင့်အရှေ့အလယ်ပိုင်းအရေးကြောင့် မြန်မာ့အရေးကို လျစ်လျူမရှုဘဲ မျက်ခြေမပြတ်ရန် အမေရိကန်အစိုးရကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူးဦးရယ်က မေတ္တာရပ်ခံ

ရန်ကုန်၊ ဧပြီ ၁၆ အရှေ့အလယ်ပိုင်းဒေသရှိ အီရန်စစ်ပွဲနှင့် အခြားသော နိုင်ငံတကာဦးစားပေးကိစ္စရပ်များကြောင့် အမေရိကန်ပြည်ထောင်စုအနေ ဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ကို နားလည်သော်လည်း မြန်မာ့အရေးကို လျစ်လျူမရှုဘဲ ဆက်လက်မျက်ခြေမပြတ် စောင့် ကြည့်ကူညီပေးရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူးဦးရယ်က အမေရိကန်အစိုးရကို မေတ္တာရပ်ခံလိုက်သည်။ ဧပြီလ ၁၅ ရက်နေ့က...

Latest news

- Advertisement -spot_img