29 C
Yangon

တီးတိန်မြို့နယ်အတွင်း ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦး သေဆုံး၊ တိုက်လေယာဉ်များဖြင့် လာပစ်သော်လည်း ရာသီဥတုကြောင့် ပြန်လှည့်သွားရဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Hiangzing ကျေးရွာနှင့် Taingen ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF Siyin၊ ချင်းပူးပေါင်းတပ်ဖွဲ့များကြား ယနေ့နံနက် ၇ နာရီခွဲမှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦးကျဆုံးကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“Siyin နယ်၊ Hiangzing ရွာနဲ့ Taingen ရွာကြား မှာ CDM (Siyin) နဲ့ မဟာမိတ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ နာရီပေါင်းများစွာ တိုက်ပွဲဖြစ်နေပါတယ်။ အခုချိန်ထိလည်း တိုက်ပွဲ ဖြစ်နေတုန်းပါပဲ။ နောက်လည်း ဖြစ်လာနိုင်စရာ ပိုများပါတယ်။ ဒီနေ့တော့ စစ်ကောင်စီဘက်က ၂ ဦး သေတယ်” ဟု CDM Siyin တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်ရာဒေသတဝိုက်သို့ ကလေးမြို့နယ်၊ ခိုင်ကမ်းမြို့၊ ကလေးကောလိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ Hiangzing သုဿန်အတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်များ လာရောက်ပျံသန်းသွားသော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပစ်ခတ်တိုက်ခိုက်ခြင်းမရှိဘဲ လှည့်ပြန်သွားကြောင်း သတင်းရရှိသည်။

ယနေ့တိုက်ပွဲနှင့်ပတ်သက်ပြီး CDM Siyin က တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဓါတ်ပုံ – ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ၏ သွေးကွက်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article