29 C
Yangon

နတ်မောက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နိုင်ဝင်း သေနတ်ဖြင့် ပစ်သတ်ခံရ ၊ မန္တလေးမှ စစ်ကောင်စီခန့် ဆယ်အိမ်မှူး သေနတ်ဖြင့်ပစ်ခံရပြီး ဆေးရုံရောက် 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀ 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တန်းတောင်ကျေးရွာမှ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူးနိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ပစ်သတ်ခံရလိုက်ကြောင်း ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အုပ်ချုပ်ရေးအမှူး အစည်းအဝေးက ပြန်လာတာသူက ။သေနတ်နဲ့ ပစ်သတ်လိုက်တာ ပွဲချင်းပြီးဆုံးတယ်။ အုပ်ချုပ်ရေးမှူး၊ ဒလန် ပျူစောထီး အဲဒါကြောင့် ကျနော်တို့ရှင်းလင်းတာပါ။ သတိပေးချက်လည်း ထုတ်တယ်” ဟု ငါးပြေမ ပျောက်ကြားတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

အလားတူ မန္တလေးတိုင်း၊ စိန်ပန်းမြို့သစ် ၂ ထဲမှ စစ်ကောင်စီခန့် ဆယ်အိမ်မှူးလည်းဖြစ် စစ်ကောင်စီသတင်းပေးလည်းဖြစ်သူ မြင့်သိန်းကိုလည်း ယနေ့ နံနက်ပိုင်းတွင် ၎င်း၏ ရှမ်းခေါက်ဆွဲ ဆိုင်တွင် ပစ်ခတ်ခံခဲ့ရကြောင်း၊ သေဆုံးခြင်းမရှိသေးဘဲ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article