29 C
Yangon

ဝ တောင်ပိုင်းတွင် စစ်ရေးပြင်ဆင်နေသည့် ဗီဒီယိုများ ထွက်ပေါ်လာပြိး RCSS နှင့် စစ်ရေးတင်းမာနေဟု ဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ဝ ပြည် တောင်ပိုင်း ၁၇၁ စစ်ဒေသတွင် ဝ တပ်ဖွဲ့များ စစ်ရေးပြင်ဆင်နေသည့် ရုပ်/သံ ဗီဒီယိုများ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်တွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေပြီး အဆိုပါ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကြား စစ်ရေးတင်းမာနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဝ ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသတွင် အင်အား ၂၀၀၀ ခန့်ရှိသည့် ဝ တပ်ဖွဲ့များ စစ်ရေးပြင်ဆင်ထားပြီး RCSS နှင့် စစ်ရေးတင်းမာနေကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး UWSA ဆက်ဆံရေးအရာရှိ ၁ ဦးကို မေးမြန်းရာ “ဌာနချုပ်ရဲ့မှတ်ချက်​မေးလိုက်ပါအုံးမယ်”ဟု ပြန်လည်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ထံ ကြိုးစားဆက်သွယ်နေပြီး ဆက်သွယ်မှု မရရှိသေးပေ။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်း၌ SSPP/SSA၊ TNLA တပ်ဖွဲ့များနှင့် RCSS/SSA ကြား တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေပြီး ဝ တပ်ဖွဲ့များသည် အဆိုပါ မြောက်ပိုင်းမဟာမိတ် ၂ ဖွဲ့ဘက်မှ ပူးပေါင်းတိုက်ခိုက်နေသည်ဟု စွပ်စွဲချက်များ ရှိနေသည်။

ဝ ပြည်မြောက်ပိုင်းတွင် တပ်မဟာ ၄ ခု၊ တောင်ပိုင်းတွင် တပ်မဟာ ၅ ခုဖြင့် အခြေစိုက်ထားပြီး UWSA တပ်ဖွဲ့ စုစုပေါင်းအင်အား ၂၅,၀၀၀ မှ ၃၀,၀၀၀ ကြားအထိ ရှိနိုင်ကြောင်း စစ်ရေးအကဲခတ်များက ခန့်မှန်းထားကြသည်။ ဗိုလ်ချုပ်ကြီး ယွက်ဆစ် RCSS သည် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး အင်အား ၁၅,၀၀၀ ဝန်းကျင်ရှိကြောင်း ခန့်မှန်းထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article