34 C
Yangon

ကလေးမြို့မှ တက်လာသော စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များ ခြုံခိုတိုက်ခိုက်၊ စစ်သား ၁၀ ဦးသေဆုံးပြီး စစ်ယာဉ်တန်းလှည့်ပြန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့် ချင်းပြည်နယ်ဘက်သို့ထွက်ခွာလာသော စစ်ကားကြီး ၃ စီး၊ စက်သေနတ်တင် ကားသေး ၂ စီးတို့ကို ကလေး-တီးတိန်လမ်းပိုင်းတွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီခန့်၌ ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရရှိသွားကာ စစ်ကားတန်းသည် ကလေးမြို့ဘက်သို့ ပြန်လှည့်သွားကြောင်း CDM Siyin က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော် CNA၊ CDM Siyin၊ PDF Zoland၊ Zogam Army နှင့် CDF KKG2 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်မှစတင်ကာ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်မတော်မှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း CDM Siyin ထံမှ သိရှိရသည်။

ဓါတ်ပုံ – CDM Siyin တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article