29 C
Yangon

တန့်ဆည်၊ သဲစားရွာ အရှေ့ဘက်တွင် ပျူစောထီးများပါဝင်သော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံး၊ တန့်ဆည် PDF မှ ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သဲစားရွာအရှေ့ဘက်ရှိ ဆည်ဘောင်အနီးတွင် အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်၊ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့နှင့် တန့်ဆည် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇန်နဝါရီလ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကာ တန့်ဆည် PDF တပ်ရင်း ၁၀ မှ ရဲဘော် ၁ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။

နယ်မြေကျွံဝင်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့များကို တန့်ဆည်မြို့နယ် PDF တပ်ရင်း ၁၀ နှင့် ဒေသကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ပြောက်ကျားလိုက်ပစ်သော်လည်း စစ်ကောင်စီတပ်မှာ နောက်ပြန်ဆုတ်သွား၍ ရင်ဆိုင်တိုက်ပွဲ မဖြစ်ပွားခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ

photo – reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article