35 C
Yangon

ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်၍ စေတီတော် ၁ ဆူ ကျည်ထိမှန်ပျက်စီးပြီး ဒေသခံ ၅ ဦး ခန့် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ယနေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လောကသရဖူ ဘုရားကုန်းတွင် တည်ထားသော စေတီတော် ၁ ဆူ ကျည်ထိမှန်ပျက်စီးပြီး၊ အသက် ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်သလို၊ စက်သေနတ်များဖြင့်လည်း ပစ်ခတ်မှုကြောင့် စေတီတော်နှင့် တန်ဆောင်းများ ထိမှန် ပျက်စီးပြီး ဘရားရင်ပြင်ပေါ်တွင် ရှိနေသော အသက် ၅၀ အရွယ် ဦးနတောင်၊ အသက် ၈ နှစ်အရွယ် မောင်ကျော်ဝေမိုး အပါအဝင် ဒေသခံ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ် KATHA Revolution တွင် ရေးသားဖော်ပြသည်။

ဇန်နဝါရီလ ၁၂ ရက်တွင်လည်း ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ ဒေသခံ ၅ ဦးထိခိုက်ပြီး ဘာသာရေးအဆောက်အဦး ၃ ခုနှင့် အိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့သည်။

Photo – KATHA Revolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article