32 C
Yangon

မင်းအောင်လှိုင်နာယကအဖြစ် ဆောင်ရွက်တဲ့ YMBA အသင်း၏ သံဖြူဇရပ်မြို့နယ် အတွင်းရေးမှူး အသတ်ခံရ ၊ ချောင်းဦးနှင့်ခင်ဦးတို့တွင်လည်း ပျူစောထီးနှင့် ကြံ့ခိုင်ရေးပါတီဝင်များ အသတ်ခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

မင်းအောင်လှိုင် နာယကအဖြစ် ဆောင်ရွက်နေသည့် YMBA ဗုဒ္ဓကလျာဏယု၀အသင်း၏ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရေးမှူး ဌေးအောင် သည် ယနေ့ အသတ်ခံရကြောင်း သိရှိရသည် 

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာမှ ဌေးအောင် (၅၀)နှစ်ခန့်၊ သံဖြူဇရပ်မြို့နယ် ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA) အတွင်းရေးမှူးကို ဆိုင်ကယ်ဖြင့် လူ ၂ ဦးက လာရောက်ပစ်ခတ်သဖြင့် ကျည်ထိဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာမှ ပျူ‌စောထီးအဖွဲ့ဝင် မျိုးမင်း(ခ)မင်းမင်း နှင့် ထွန်းဝင်းတို့ (၂)ဦးသည် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီအချိန် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် သန့်ဇင်ဝင်းသည်နေအိမ်ခြံဝင်းနွားခြံတွင်ရှိစဉ် ဓားဖြင့် ၀ိုင်းခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်သတ်ခံလိုက်ရသည့် သံဖြူဇရပ် YMBA အတွင်းရေးမှူး ဌေးအောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article