29 C
Yangon

ရန်ကုန်လှိုင်သာယာနှင့် မင်္ဂလာဒုံတို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူးများ အသတ်ခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉ 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူးများ အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာ၊ ပိတောက်လမ်းတွင် စစ်ကောင်စီခန့် ရာအိမ်မှူး ဆံရှည်(ခ) ရဲဝင်းအောင် ပစ်သတ်ခံရကြောင်း ၊ လမ်းဘေးထမင်းဆိုင်တွင် ဟင်းဝယ်နေစဉ်ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးက ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ခေါင်းကို ပစ်သွားတာ ပွဲချင်းပြီးသေတယ်။ သူက စစ်တပ်သတင်းပေး ဒလန်လုပ်နေတာ။ ပညာမတတ်၊ အလုပ်မရှိ အနေအစားချောင်အောင် သတင်းပေး ဒလန်လုပ်တာ။ အခု ရွာထဲက လူငယ်တွေက စစ်တပ်က ရမ်းမှာ ကြောက်နေရတယ်” ဟု ကစင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်းစံပြကျေးရွာ ရာအိမ်မှူး မိုးအောင်မှာလည်း ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

ဓာတ်ပုံ- လှိုင်သာယာမှ စစ်ကောင်စီခန့် ရာအိမ်မှူး ဆံရှည်(ခ) ရဲဝင်းအောင်။ 

Photo – HTY Information

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article