25 C
Yangon

KNU ထိန်းချုပ် တပ်မဟာ ၅ ခုတွင် ၁၅ ရက်အတွင်း တိုက်ပွဲ ၁၈၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၉ ဦးသေဆုံး၊ KNLA ဘက်မှ ၁၃ ဦး ကျဆုံး

Must read

၁၉ ဇန်နဝါရီ ၂၀၂၂   ကေအဲန်ယူ – ဗဟို

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွင် နယ် မြေကျူးကျော်လာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA၊ KNDO တပ်ဖွဲ့များကြား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ ၁၈၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၅၉ ဦး သေဆုံးကာ ၁၀၂ ဦး ဒဏ်ရာရကြောင်း၊ KNLA ဘက်မှ ၁၃ ဦး ကျဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိကြောင်း KNU က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ ၁ ဒူးသထူ (သထုံ) ခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်များအတွင်း စစ်ကောင်စီက အများပြည်သူ လုပ်ငန်းခွင်များနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၂၀၀ ကျော်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

တပ်မဟာ ၅ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်နှင့် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မဟာ ၁၊ ၃၊ ၄၊ ၅၊ ၆ များအတွင်း စစ်ရှောင်ပြည်သူပေါင်း ၅၀,၀၀၀ ကျော်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article