25 C
Yangon

ရန်ကုန်ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးတွင် စစ်တပ်၊စည်ပင်၊ ရဲနှင့်လူမိုက်များ ပူးပေါင်း၍ အနိုင် ကျင့် ဆက်ကြေး ကောက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉ 

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးစျေးတွင် စစ်တပ်၊ စည်ပင်၊ ရဲနှင့် လူမိုက်များပူးပေါင်း၍ ငါးဒိုင်များ၊ စျေးသည်များနှင့် လုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေကောက်ခံခြင်း၊ ငါးဟင်းစားများ တောင်းယူခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

စစ်တပ်၊စည်ပင်၊ ရဲနှင့် လူမိုက်များ ပူးပေါင်း၍ ငါးစျေးသို့လာသည့် ကုန်တင်ကားများနှင့် သင်္ဘောများဆီမှ ဆက်ကြေးကောက်ခံလျက်ရှိကြောင်း၊ ငါးတင်သင်္ဘောတစ်စီးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်၊ ကုန်တင်ကားတစ်စီးလျှင် ၁၀၀၀၀ ကျပ် အသားတင် ဆက်ကြေးကောက်ခံခြင်းဖြစ်ကြောင်း၊ ရဲနှင့်စစ်တပ်ကလည်း ဟင်းစားဟုဆိုကာ ငါးများ တောင်းယူကြောင်း သိရှိရသည်။ 

“ငွေကတော့ အသားတင်ကိုဆက်ကြေးတောင်း နေတာပါ။ဒီကြားထဲငါးဟင်းစားဆိုပြီး ထပ်တောင်းပါသေးတယ် တော်တော်ကိုတရား‌လွန်နေတာပါ။ အဲဒီလုပ်လို့ရဲတွေကိုသွားတိုင်လို့ရမယ်မထင်နဲ့။ ရဲတွေကိုယ်တိုင်ကလည်းသိလျက်နဲ့ မပြောတဲ့အပြင် သူတို့ကပါ ငါးတွေ ဟင်းစားထပ်တောင်းပါတယ်။ ရဲတစ်ဦးကို ငါး ၃ ကောင်နှုန်းနဲ့ ကုန်သ‌‌င်္ဘော တစ်စီးကို ရဲအယောက် ၂၀ အတွက် လာတောင်းပါတယ်။ ရဲတွေကိုပေးရတဲ့ငါးတန်ဖိုးဟာ ငွေတစ်သိန်း နီးပါးလောက်ရှိပါတယ် အဲ့ဒါကုန်သင်္ဘောတစ်စီးစာအတွက်ပါ တစ်နေ့ကိုဗဟိုစံပြငါးဈေးကို၀င်တဲ့ကုန်သ‌င်္ဘောဆိုတာမနည်းပါဘူး။  မပေးလို့လည်းမရပါဘူး။ သေနတ်တွေနဲ့ ဓားပြတိုက်သလိုကိုလုပ်ပြီးတောင်းနေတာပါ။ ဒါတွေကလက်ရှိ ကုန်သည်တွေနဲ့ငါးလုပ်ငန်းသမားတွေအောက်ခြေမှာတကယ်ခံစားနေရတာပါမယုံရင်ဗဟိုစံပြငါးဈေးထဲမနက်(၄)နာရီလောက်ကိုလာရောက်စုံစမ်းနိုင်ပါတယ်။ တချို့ငါးလုပ်ငန်းသမား‌တွေဟာ ငါးဈေးမကောင်းရင် ရှုံးတဲ့အပြင်အခုလိုမျိုးတွေပါထပ်ပြီးပေးရတော့ မခံနိုင်ကြတော့ဘူး” ဟု ငါးဒိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။  

ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးတွင်  စစ်တပ်၊စည်ပင်၊ ရဲနှင့် လူမိုက်များ၏ ဥပ ဒေမဲ့ အနိုင်ကျင့်ဗိုလ်ကျဆက်ကြေးကောက်ခံနေမှုများကြောင့် ပြည်သူများ ဒုက္ခရောက်နေကြပြီး ကယ်ကူရာမဲ့ဖြစ်နေကြောင်း၊ အာဏာသိမ်းပြီးချိန်မှစ တင်၍ ယင်းသို့ ဆက်ကြေးကောက်ခံမှုများ အရှိန်အဟုန်ဖြင့် တွင်ကျယ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article