25 C
Yangon

ချင်းပြည်နယ်၊ ဇိုတုန်နယ်တွင် ၁၀ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၁၈ ဦး သေဆုံး၊ CDF Zotung မှ ၁ ဦးကျဆုံး ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ချင်းပြည်နယ်၊ မတူပီမြို့မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၈ ရက်နေ့ထိ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးကာ၊ CDF Zotung မှ ၁ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာရသွားကြောင်း သိရှိရသည်။

ဇိုတုန်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် အများပြည်သူ နေအိမ်များနှင့် ဆိုင်ကယ်များကို ဖျက်ဆီးကြောင်း၊ ယင်းစစ်ကောင်စီတပ်နှင့် CDF Zotung၊ CNA၊ YDF၊ PDF-Yaw၊ CDF Hakha၊ CDF Zophei၊ CDF Matupi၊ CDF Lautu၊ CDF Senthang ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း CDF Zotung က သတင်းထုတ်ပြန်သည်။

ဇိုတုန်နယ်သည် မတူပီနှင့် ဟားခါးကြားတွင်တည်ရှိပြီး အရှေ့ဘက်တွင် ဂန့်ဂေါ၊ ထီးလင်းမြို့များ တည်ရှိသည်။

ဇိုတုန်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ ၃,၀၀၀ ကျော်ရှိနေ‌ေကြောင်း၊ နယ်စပ်သို့ စစ်ရှောင် ၄၀၀ ခန့် ရောက်ရှိနေကြောင်းနှင့် ပြည်သူများအနေဖြင့် မဖြစ်မနေ ဖြတ်သန်းသွားလာပါက ကြိုတင်အသိပေးကြရန် CDF Zotung က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article