25 C
Yangon

ထားဝယ်အခြေစိုက် Dawei Watch သတင်းထောက်များကို အကြမ်းဖက်စစ်ကောင်စီက ညသန်းခေါင်းတွင် ဝင်ရောက်ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် Dawei Watch သတင်းဌာန၏ သတင်းထောက် ၂ ဦးနှင့် အဖွဲ့ဝင် လူငယ် ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၁၈ ရက် ညသန်းခေါင်အချိန်တွင် နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

Dawei Watch သတင်းဌာန၏ သတင်းထောက် မမိုးမြင့်ကို ဇန်နဝါရီလ ၁၈ ရက် ည ၁၁ နာရီအချိန်တွင် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ ဇန်နဝါရီလ ၁၉ ရက် နံနက် ၂ နာရီခန့်တွင် သတင်းထောက် ကိုဇော်နှင့် ကိုသားကြီးတို့ကိုလည်း အလားတူဝင်ရောက်ဖမ်းဆီးသွားကြောင်း Dawei Information Center ထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် မမိုးမြင့်၊ ကိုဇော်နှင့် ကိုသားကြီးတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောက်ထားသည်ကို မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article