25 C
Yangon

စစ်ကောင်စီက ပြည်သူအပေါ် သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုအတွက် ICC တရားရုံးတွင် အရေးယူနိုင်ရေး ကြိုးပမ်းရန်နှင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအစီအမံများ ပြည်သူ့ညီလာခံက တောင်းဆို အတည်ပြု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကောင်စီက ပြည်သူအပေါ် သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တွင် အရေးယူနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသည့် ပြည်သူ့ညီလာခံ (ပထမအကြိမ်)က ဆုံးဖြတ်အတည်ပြု လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီကို ICC ပို့ရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံကို အတည်ပြုခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အစုအဖွဲ့ (၅) ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်အစုအဖွဲ့များက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတူတကွ ကတိကဝတ်ပြု သန္နိဋ္ဌာန်ချ၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် သဘောတူ အတည် ပြု(Ratify)ခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ ဦးဆောင်မှု ခိုင်မာ အား ကောင်း စေရန်၊ လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်စေရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အကြား လုပ်ငန်းများ ချိတ်ဆက်မှု ကောင်း မွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ (Terms of Reference and Role) ကို ပြင်ဆင်ဖြည့်စွက်သွားရန် အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီက အင်အားအလွန် အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့် အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ကျူးလွန်ခံနေရမှုများမှ အကာအကွယ်ပေးရန် အရေးပေါ်လိုအပ်ချက်အရ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းများတွင် နိုင်ငံတကာအာမခံမှုဖြင့် အရပ်သား ပြည်သူလူထုများအား အကာအကွယ်ပေးသည့် လုံခြုံသောနေရာများ (Internationally Guaranteed Civilians Protection – Safe Zones) ဖြစ်ပေါ်ရေးနှင့် လူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူ အညီများအား ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားရန် း ပြည်သူ့ညီလာခံက တောင်းဆိုသည်။

နိုင်ငံတကာအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ဤညီလာခံက တောင်းဆိုကြောင်း၊ ပြည်သူလူထုများ၏ ဘဝလုံခြုံမှုရရှိစေရေး ဆောင်ရွက်သွားရန်အတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်း၊ ပြည်ပရှိ လူမျိုးစုံပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုတရပ်လုံးအတွက် တရားမျှတမှုရရှိရေးနှင့် စစ်ကောင်စီအား အရေးယူ ဆောင်ရွက်နိုင်ရေးတို့ကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article