30.5 C
Yangon

ထားဝယ်နဲ့ ရေဖြူမြို့နယ်မှ ရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၃၀ နီးပါးသေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ထဲ ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ PDF အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထားဝယ်မြို့နယ်ထဲက ခေါင်တိုင်ပြင်၊ မြင်းမတ်တပ်၊ ပိန္နဲချောင်း(ကုလားချောင်း)၊ မြေးခန္တီ၊ ဟာမြင်းကြီးရွာတွေကို ဇန်နဝါရီလ ၁၉ ရက်က စတင်ဝင်ရောက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို PDF တွေဘက်က မိုင်းဆွဲတိုက်ခိုက်မှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၀ ရက်က ကုလားချောင်းရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Dawei Guerrilla Revolutionary Force-DGRF က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မြင်းခန္တီဘုရားတောင်တက်လမ်းကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ DGRF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“သိရသလောက်က စစ်ခွေးတွေအုပ်စုလိုက်ကြီးရှိနေတုန်း မိုင်းဆွဲလိုက်တော့ အစုအလိုက်အပြုံလိုက်ထိကြတာ။ အဲဒီအုပ်စုက နှစ်ဆယ်လောက်ရှိတယ်” လို့ တိုက်ပွဲဖြစ်ရာအနီးတစ်ဝိုက်က ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီအပြင် PDF တပ်ဖွဲ့တွေရဲ့ ချုံခို ချောင်းမြောင်းပစ်ခတ်မှုတွေကြောင့် သေဆုံးသူ သုံးဦးထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတချို့ကဆိုပါတယ်။

ဇန်နဝါရီလ ၂၃ ရက်မှာလည်း ရေဖြူမြို့နယ်၊ ကလုံးထာရွာကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေနဲ့ PDF တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

PDF တွေဘက်ကတော့ ရဲဘော်နှစ်ဦးကျဆုံးပြီး ဒဏ်ရာရရှိသူတချို့ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လက်ရှိအချိန်အထိ အဲဒီရွာတွေမှာရှိနေဆဲဖြစ်ပြီး ပြည်သူတစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

တနင်္သာရီတိုင်းမ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article