28 C
Yangon

မြန်မာ့အခြေအနေ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောဆို

Must read

ရန်ကုန်၊ ဇွန် ၈

မြန်မာနိုင်ငံ၏ အခြေအနေသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း တရုတ်နိုင်ငံခြားရေး Mr.Wang Yi က ပြောဆိုသည်။

ယမန်နေ့ တရုတ်-အာဆီယံ အထူးအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပစဉ်၌ လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ည်။

Mr. Wang Yi က မြန်မာနိုင်ငံသည် အာဆီယံမိသားစုကြီး၏ မိသားစုဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းအရေးကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန်အတွက် အာဆီယံမှ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းကို တရုတ်နိုင်ငံမှ ထောက်ခံအားပေးကြောင်း၊ အာဆီယံမူဘောင်အောက်၌ “သဘောတူညီချက် ၅ ချက်” ကို ဆက်တိုက် အကောင်အထည်ဖော်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသော အိမ်နီးချင်းလည်းဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအခြေအနေကို များစွာဂရုပြုလျက်ရှိပြီး မိမိ၏နည်းလမ်းဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။

Mr. Wang Yi က တရုတ်နိုင်ငံနှင့် အာဆီယံသည် မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ ရပ်တည်ချက်နှင့် ထင်မြင်ယူဆချက်များ ယေဘုယျအားဖြင့် တူညီကြောင်း၊ မိမိတို့သည် အာဆီယံနှင့် ဆက်လက်ပူးပေါင်း၍ မြန်မာ့နယ်ပယ်အသီးသီးအား ပြည်သူလူထုအကျိုးစီးပွားကို အဓိကထားပြီး တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်၊ အကြမ်းဖက်မှု အသီးသီးကို ဖယ်ရှားရန် အတူတကွ တွန်းအားပေးလိုကြောင်း၊ မြန်မာ့နယ်ပယ်အသီးသီးအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်၌ နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကို ပြန်လည်စတင်ရန် အတူတကွအားပေးလိုကြောင်း၊ မြန်မာနိုင်ငံသို့ ကပ်ရောဂါဆိုင်ရာ အကူအညီများ အတူတကွပေးအပ်၍ မြန်မာနိုင်ငံ ကပ်ရောဂါအခြေအနေ ပြန့်နှံ့မည့်အလားအလာအား ထိန်းချုပ်ပြီး ပြည်သူလူထု၏ အသက်နှင့် ကျန်းမာရေးကို အာမခံချက်ရှိစေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့လာရေး၊ ပြည်သူလူထုဘဝ ကောင်းမွန်လာရေးအတွက် အတူတကွ ထောက်ခံအားပေး၍ အခြေခံလူထုကို အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးအား “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် မူဝါဒများကို လိုက်နာရန် အတူတကွတိုက်တွန်းပြီး တစ်ဖက်သက်ကန့်သတ်အရေးယူမှုနှင့် မသင့်လျော်သည့် ကြားဝင်မှုများ မဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထက်ပါ “သဘောတူညီချက်ငါးချက်” သည် တရုတ်နိုင်ငံနှင့် အာဆီယံ၏ တတ်နိုင်သမျှ ဆောင်ရွက်နိုင်မှုဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း များစွာအရေးပါကြောင်း၊ အပြန်အလှန်ဆက်စပ်နေပြီး ပြိုင်တူဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိအတွက်လည်း အာရုံစိုက်ပြီး ရေရှည်အတွက်လည်း ထည့်သွင်းစဉ်းစားထားကြောင်း၊ နှစ်ဦးနှစ်ဖက်၏ သဘောတူညီမှုနှင့် ကြိုးပမ်းရန် ဦးတည်ချက်လည်း ဖြစ်သင့်ကြောင်း ပြောကြားပါသည်။

Photo Credit- ဆင်ဟွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article