25 C
Yangon

မောင်တောတွင် AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွား

Must read

Western News-ဖေဖော်ဝါရီ ၆ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဖက်တွင် ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်းရက္ခိုင့်တပ်တော် AAနှင့် မြန်မာ့စစ်တပ်တို့အကြားတိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲများမှာ ယနေ့ နေ့ခင်း ၃ နာရီကနေ ၄ နာရီလောက်ထိ တစ်ကြိမ်၊ ၄ နာရီကျော်ကနေ ၆ နာရီလောက်ထိတစ်ကြိမ် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်သည့် နေရာမှာလည်း ၂ နေရာ ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်နေတယ် နေ့ခင်း ၃ နာရီလောက်နေ စပြီး ပစ်ခတ်သံတွေ ကြားနေရတာ၊ ၄ နာရီလောက်မှာ အသံစဲသွားပြီး သိပ်မကြာခင်မှာဘဲ နောက်ထပ် လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ် ၆ နာရီလောက်မှာတော့ အသံစဲသွားတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

တိုက်ပွဲ ဖြစ်နေစဥ်အတွင်း လက်နက်ကြီး ပစ်ခတ်သံများ ကျယ်ကျယ်လောင်လောင် ကြားနေရပြီးတစ်ချို့ဒေသခံများမှာ နီးစပ်ရာကျေရွာများသို့တိမ်းရှောင်နေရကြောင်းပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မောင်တောမြို့နယ် မီးတိုက်ကျေးရွာဘက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ၁ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့မှုများနှင့်စပ်လျဥ်းပြီး အကြောင်းစုံကို Western News မှ ရက္ခိုင်တပ်တော် AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ယနေ့ ညနေပိုင်းဆက်သွယ်မေးမြန်းခဲ့ရာ တိုက်ပွဲဖြစ်ပွါးခဲ့သည်မှာ ဟုတ်မှန်ကြောင်ပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ပြောဆိုမှုမရှိခဲ့ပေ။

Western News-WN

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article