25 C
Yangon

မန္တလေးတိုင်းတွင် စစ်ကောင်စီ ယာဉ်တန်းနှင့် EPC ရုံးဗုံးခွဲ ခံရပြီး ပုသိမ်တွင်လည်း သင်္ဘောကျင်းရဲစခန်း ဗုံးဖြင့် ပစ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မန္တလေး ပုသိမ်ကြီးမြို့နယ် မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ ဆင်ရွာကြီး မြနန္ဒာလမ်းနှင့် ဓနသိဒ္ဓိရွာကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ မွန်းလွဲ ၁၁နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ အရာရှိများ လိုက်ပါလာသည့် ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Patheingyi Revolution Force (PRF)နှင့် G 6 stars မဟာမိတ်ညီနောင် အဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း အဆိုပါ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။အလားတူ မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် ဖေဖော်ဝါရီလ ၉ရက်နေ့ မွန်းလွဲ ၁၂နာရီ ခန့်က EPC ရုံး ဗုံးပစ်သွင်းတိုက်ခိုက်ခံရကာ စာရေးမ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ထိုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် EPC ရုံး စာရေးမတစ်ဦးပေါင်တွင် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရုံးဝန်ထမ်းများ ထမင်းစားနားချိန်ဖြစ်သောကြောင့် ပြည်သူများ ရှိမနေကြောင်း သိရသည်။ဧရာဝတီတိုင်း ပုသိမ်မြို့ သင်္ဘောကျင်းရဲစခန်းကို ယနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ နံနက် ၈နာရီ ၅မိနစ်ခန့်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၄ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။အဆိုပါ တိုက်ခိုက်မှုကို ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pathein Western Defence Force (P.W.D.F)၊ CDM Police Defence Force (AYA)နှင့် Beach Defence Force (BDF)တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲခဲ့ခြင်း မရှိကြောင်း သိရသည်။
Photo – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article