25 C
Yangon

Breaking News-တန့်ဆည် ကံထူးမ ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမ ရဲစခန်းကို ယနေ့ ဖေ ဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းPDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး စခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီဝင် တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးနိုင်ကြောင်း Taze People’s Defence Force မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စခန်းမှာ တပ်ဖွဲ့ဝင် ၆၀ လောက်ရှိတဲ့နေရာမှာ ၇ ဦးလောက်ပဲ အကောင်းကျန်တယ်။ ကျန်တာက အကုန်ကျိုးပဲ့ သေကုန်တာ။ သေမယ့်အရေအတွက်က ၄၀ လောက်ရှိမယ်။ တိုက်ပွဲက မနက် ၄ နာရီ ၂၅ မိနစ်ကနေ မနက် ၅ နာရီ ၄၀ မိနစ် အထိ ကြာတယ်။ PDF မဟာမိတ်တွေ အားလုံးပေါင်းပြီး တိုက်တာ” ဟု တန့်ဆည်PDF ရဲဘော်တစ်ဦးက ပြောသည်။

ကံထူးမရဲစခန်းကို တိုက်ခိုက်မှုတွင် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၆၊ ၇၊၈)၊ မင်းကင်း PDF တပ်ရင်း(၁)၊ TPC –(Taze People Comrades)၊ Myanmar Defense Force – (Taze Tiger)၊ (Phoenix Defence Force )-Taze၊ (Dragon Warrior)-Taze PDF ၊တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)များ မဟာမိတ်ညီနောင်များ စုပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကံထူးမ ရဲစခန်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ၊ ကျန်တော်လှန်ရဲဘော်အားလုံး ဘေးကင်း၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Taze People’s Defence Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article