25 C
Yangon

မြိုင် အုန်းပင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅လုံးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း မြိုင်မြို့နယ် အနောက်ပိုင်း ၊ ဝက်ပုတ်အုပ်စု၊ အုန်းပင်စု ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၅လုံးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း We Love Myaingအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၇ နာရီခန့်တွင် အုန်းပင်စုရွာက စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသူ ပြည်ကျော်ဆိုသူကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့သော ဖြစ်စဉ်ကြောင့် စစ်တပ်က ကျေးရွာအတွင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ထို စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသူ ပြည်ကျော် သေဆုံးခဲ့ခြင်းကြောင့် စစ်တပ်က ည ၁၁ နာရီခန့်တွင် ကျေးရွာအတွင်းရှိ လူနေအိမ်များနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – We Love Myaing

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article