38 C
Yangon

တန့်ဆည် ကာပေါင်းကျရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာကို ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၃နာရီခန့်က စတင်ကာ ပေချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ” ပေချောင်ရွာကို ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ခွေးတွေ အခုလည်း ကာပေါင်းကျရွာကို မီးထပ်ရှို့နေတယ်။ မီးခိုးလုံးတွေတော့ မြင်နေရတယ်။ အင်အား ၁၅ဝကျော်လောက်ရှိမယ်။ ရွာထဲမှာတော့ ဘယ်သူမှ မရှိတော့ဘူး ပြေးနေကျရတာ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ရွာနားကို ဘယ်သူ့မှလည်း မကပ်ရဲဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article