35 C
Yangon

မတူပီ၊ ထယ်ဘွေးကျေးရွာ စစ်ကောင်စီတပ်စခန်းကို CDF ဝင်တိုက် စစ်သား ၄ ဦး သေဆုံး၊ ဖလမ်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရပြီး ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ ကားလမ်းပေါ်ရှိ ထယ်ဘွေးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ယနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် CDF မတူပီက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကြောင်း၊ CDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF မတူပီ က သတင်းထုတ်ပြန်သည်။အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးသော ရှေ့ပြေးတပ်ဖွဲ့ကို CNDF တပ်ဖွဲ့က က ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း CNO/CNDF က သတင်းထုတ်ပြန်သည်။အဆိုပါ ရှေ့ပြေးတပ်ဖွဲ့သည် ဖလမ်းမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကား ၂ စီးကို လုံခြုံရေးယူပေးသော အဖွဲ့ဖြစ်ပြီး ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – CDF မတူပီ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article