31 C
Yangon

စဉ့်ကူးမြို့ ပင်လယ်ကြီး စစ်တပ် ဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကူလာသည့် ကားများပါ မိုင်းဆွဲခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ ၂ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၄

မန္တလေးတိုင်း စဉ့်ကူးမြို့ရှိ ပင်လယ်ကြီး စစ်တပ် ဂိတ်စခန်းကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅နာရီခန့်တွင် Singu People’s Defence Force က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသော ကားများပါ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ ၂ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Singu People’s Defence Force တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မိုးကြိုးစစ်ဆင်ရေးဟု အမည်ပေးထားကာ အကြမ်းဖက် အဆိုပါ ဂိတ်စခန်းသို့ စစ်ကူလာသော ယာဉ်များအား စဉ့်ကူးမြို့အထွက် ကံပျိုကျေးရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Video credit – Singu People’s Defence Force

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article