ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် ယမန်နေ့နှင့် ယနေ့ မိုင်းဆွဲမှုများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီးနောက် စစ်တပ်စစ်ကြောင်းများသည် တံတားရှိသော်လည်း မကူးရဲတော့ဘဲ ဖောင်များဖြင့် ကူးသန်းသွားလာကာ ကျေးရွာများကို စစ်ကြောင်း ထိုးလျက်ရှိသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကပေါင်းကျကျေးရွာကို မီးရှို့ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့တွင် ရွာရှည်(မ)သို့ သွားရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကြကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မိုင်းဆွဲခံရမှုကြောင့် စစ်သား ၂၈ ဦးသေဆုံးကြောင်း တန့်ဆည် PDF တပ်ဖွဲ့ဝင် တချို့ထံမှ သိရှိရသည်။
Video Credit- Guerrilla Warfare – K.P.K