30 C
Yangon

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဗိုလ်ရှုသဘင် တက်ရောက်သည့် ဝန်ထမ်း၊ ကျောင်းသားများအပါအဝင် အများအပြား ကိုဗစ် ကူးစက်ခံရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်သည့် ဗိုလ်ရှုသဘင်သို့ တက်ရောက်ခဲ့ရသည့် ပြည်နယ်/တိုင်းမှ ဝန်ထမ်းအများအပြားနှင့် နေပြည်တော်ရှိ အထက်တန်းကျောင်းများမှ ကျောင်းသားများ ကိုဗစ် ကူးစက်ခံနေရကြောင်း သတင်းရရှိသည်။ဗိုလ်ရှုသဘင်တက်ရသည့် ကျောင်းသားများမှတဆင့် နေပြည်တော် အထက ၅ ကျောင်းမှ အထက်တန်းကျောင်းသားပေါင်း ၈၅ ဦး ကို ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း သိရှိရပြီး ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်မည့် စာမေးပွဲကိုပင် ရက်ရွှေ့ဆိုင်းထားရကြောင်း သိရှိရသည်။ဗိုလ်ရှုသဘင်ကို နေပြည်တော်မှ အထက်တန်းကျောင်းသားပေါင်း ၁၁၀၀ သွားတက်ရပြီး အထက ၅ ကျောင်းမှ တက်ရောက်သည့် ကျောင်းသား ၁၂၀ တွင် ၈၅ ဦး ကိုဗစ်ကူးစက်ခံရခြင်းဖြစ်သည်။”အထက ၅ ကျောင်းက ဗိုလ်ရှုသဘင်သွားတက်ရတဲ့ ကျောင်းသားတွေကနေ ကိုးတန်း အခန်း ၂ ခန်းကို ကူးတာ ၈၅ ယောက်၊ မနက်ဖြန် ဖြေမယ့် စာမေးပွဲကို တောင် ရက်ရွှေ့လိုက်ပြီ။ ကိုးတန်းတွေကို ၂ ပတ် နားထားတယ်။ အခြားကျောင်းတွေမှာလည်း ကူးစက်ခံရတဲ့ သတင်းတွေကြားတယ်” ဟု အထက ၅ ကျောင်းသား ၁ ဦးနှင့် နီးစပ်သူ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။နေပြည်တော်မှ အထက်တန်းကျောင်းသားများသည် ပုဗ္ဗသီရိမြို့နယ် အမှတ် ၃ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)၌ ကျောင်းသားပေါင်း ၁၁၀၀ စုပြုံတည်းခိုခဲ့ကြကြောင်းနှင့် ဗိုလ်ရှုသဘင် တက်ပြီး အပြန်တွင် ကိုဗစ် စစ်ဆေးစဉ် ယခုလို အများအပြား ကူးစက်ခံရသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။အလားတူ ပြည်နယ်/တိုင်းများမှ လာတက်ရောက်သည့် ဝန်ထမ်းများ အဖွဲ့ဝင်အများအပြားသည်လည်း ကိုဗစ်ရောဂါ ကူးစက်ခြင်းခံထားရပြီး သက်ဆိုင်ရာ ဒေသများတွင် ကွာရန်တင်း ဝင်နေရကြောင်း သိရှိရသည်။ဗိုလ်ရှုသဘင်တက်ရောက်ခဲ့သည့် သူများသည် ကိုဗစ် ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူများဖြစ်ကြောင်းနှင့် အချို့ ၃ ကြိမ် ထိုးထားပြီးသူများပင် ကူးစက်ခံရကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article