28 C
Yangon

မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ SNA စခန်း ၂ ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ ဖားကန့်တွင်လည်း ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လုံးခင်းတွင် တပ်စွဲရန် ပြင်ဆင်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ စစ်တပ် လက်အောက်ခံ SNA စခန်း ၂ ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA တပ်စခန်း ၂ ခုကို KIA နှင့် SSIA (Shan Shanni Independence Army) တို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ် ကြောင်း၊ ထိုကျေးရွာအတွင်း SNA တပ်စခန်း ၁ ခုကို တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

တိုက်ပွဲအတွင်း SNA တပ် ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်ထိ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“SNA စစ်ခွေးတွေဘက်က သေဆုံးမှုနဲ့ ဒဏ်ရာရမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ ၂၃ ရက်နေ့က မိုးညှင်းမြို့ အုန်းစံဆိုင်ရွာက SNA စခန်း ၂ ခုကို KIAနဲ့ SSIA ပူးပေါင်း တပ်က သိမ်းပိုက်လိုက်တာလို့သိရတယ်။ နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေတုန်းပဲလို့ သိရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဒေသတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လုံးခင်းဒေသအတွင်း တပ်စွဲရန် ပြင်ဆင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က တပ်စွဲရန် ပြင်ဆင်နေသော လုံးခင်းဒေသအတွင်းရှိ လုံးခင်း ဆေးရုံးနှင့် ဂေါက်ကွင်းအနီးကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကမ်းဖက် စစ်တပ်သည် လုံးခင်းဒေသအတွင်းရှိ လုံးခင်း ၊ လယ်ပြင် ၊ မှော်စီဆာ၊ ဆေးရုံးနှင့် ဂေါက်ကွင်း လမ်း များကို ထိန်းချုပ်နိုင်ရန်အတွက် စစ်တပ်က အခိုင်အမာ ဘန်ကာများ ဆောက်လုပ်နိုင်ရေး ပြင်ဆင်နေပြီး KIA ပူးပေါင်း တပ်များကလည်း ဝိုင်းဝန်းပိတ်ဆို့ထားသောကြောင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လုံးခင်းဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် အခုက အခိုင်အမာဘန်ကာတွေဆောက်ပြီး ပြင်ဆင်နေတာ လက်နက် ကြီးတွေပါ တပ်ဆင်နေတယ်။ စစ်ခွေးတွေ တပ်စွဲဖို့ လုပ်နေတဲ့ အတွက် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ပိတ်ဆို့တာတော့ တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ဖားကန့်ဒေသတွင် စစ်ကြောင်းများခွဲ၍ ဖားကန့်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာနေကြောင်း ဖားကန့်ဒေသမှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article