30 C
Yangon

Breaking News- ခြောက်လုံးပြူးသေနတ် ပြုတ်ကျ၍ ကျည်တစ်တောင့်ပေါက် ထွက်ကာ ဘီလင်းမြို့နယ်မှူး ရဲမှူးကျော်ကျော်ထွန်း နဖူးမှန်သေဆုံးပြီး ဒုရဲအုပ် သူရိန်လင်း ခြေထောက် ကျည်ဖောက်ထွက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မြို့မရဲစခန်းမှ ရဲမှူးကျော်ကျော်ထွန်း၏ ခြောက်လုံးပြူး သေနတ် ပြုတ်ကျရာမှ ကျည်တစ်တောင့်ထွက်သွားပြီး ယင်းကျည်တစ်တောင့်သည် ဒုရဲမှူးကျော်ကျော်ထွန်း၏ နဖူးကို လည်းကောင်း၊ ဒုရဲအုပ်သူရိန်လင်း၏ ခြေထောက်ကိုလည်းကောင်း ဖောက်ထွက်သွားကာ ဒုရဲမှူးကျော်ကျော်ထွန်းမှာမူ သေဆုံးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်း ရဲမှူးကျော်ကျော်ထွန်းက နယ်မြေမှူး ဒုရဲအုပ်သူရိန်လင်းကို ကားထဲမှာ သေနတ်များ သိမ်းရန် စေခိုင်းခဲ့ကြောင်း၊ ဒုရဲအုပ်သူရိန်လင်းက သေနတ်ကို ယူဆောင်လာစဉ် ခြောက်လုံးပြူး သေနတ်သည် ရုတ်တရက် လွတ်ကျပြီး ကျည်တစ်တောင့်ပေါက်သွားကြောင်း၊ ယင်းကျည်တစ်တောင့်သည် ဒုရဲအုပ်သူရိန်လင်း၏ ခြေထောက်ကို ဖောက်ထွက်သွားပြီးနောက် ရဲမှူးကျော်ကျော်ထွန်း၏ နဖူးကို တည့်တည့် ဖောက်ထွက်သွားကြောင်း၊ ရဲမှူးကျော်ကျော်ထွန်းကို ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ပြီး ယနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

“အင်မတန်လည်းအဖြစ်က ဆန်းကြတယ်။ ရဲမှူးက သေနတ်နှစ်လက် ကားထဲမှာ ရှိတာကို အိမ်ပေါ်တင်ဖို့ ယူခိုင်းတာ။ အဲဒါကို နယ်မြေမှူးက ယူပြီး ပြန်လာတုန်း ခြောက်လုံးပြူးသေနတ်က လွတ်ကျတယ်။ အဲဒီမှာ ကျည်တစ်တောင့် ထွက်ပြီး နယ်မြေမှူး ခြေထောက်ကို ဖောက်သွားတယ်။ အဲဒီကျည်ကပဲ ရဲမှူးကျော်ကျော်ထွန်း မျက်ခုံးအပေါ်ကို ဖောက်ထွက်သွားတာ။ ကျည်တစ်တောင့်တည်းနဲ့ နှစ်ဦးစလုံးထိတာ။ အဲဒါ ဒီနေ့ မွန်းလွဲ ၁၄ နာရီ ၂၀ ( မွန်းလွဲ ၂ နာရီ ၂၀ ) မှာ ရဲမှူး ဆုံးတယ်။ ၂၃ ရက်နေ့ သဂြိုလ်မယ်။ ရန်ကုန်ဆေးရုံမှာပဲ ဆုံးတာ။ သူ့သား ပြင်ဦးလွင် DSA တက်နေတာ လည်း အကြောင်းကြားပြီးပြီ။ အဖြစ်ဆိုးတာပေါ့” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘီးလင်းဒေသခံများကမူ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များအပေါ် ကံဆိုး၊ ကြမ္မာဆိုး ကျရောက်နေပြီဟုဆိုကြသည်။

“လူတွေကို ဒီလောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာလေ။ ကံတွေ ဆိုးတာပေါ့။ ကျိန်စာသင့်တာ။ တစ်မြို့လုံးကတော့ ပျော်ကြတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article