28 C
Yangon

သပြေအေးကျေးရွာကို ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်ပြီး ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူများ နေအိမ်ကို မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက Mi35 ရဟတ်ယာဉ်နှစ်စင်းနှင့် ပစ်ခတ်ပြီး ရိုးရိုးရဟတ်ယာဉ်နှစ်စင်းဖြင့် အကြမ်းဖက်စစ်ကောင်စီဝင် ၆၀ ခန့် သပြေအေးကျေးရွာ ချပြီး အဆိုပါ အကြမ်းဖက် အဖွဲ့ဝင်များက ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူ့နေအိမ်များကို မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ရွာထဲမှာ အိမ်ခြေ ဘယ်နှလုံးလောင်လဲတော့ အတိအကျမသိရသေးဘူး။ လက်ရှိ သပြေအေးရွာရဲ့ အိမ်ခြေကတော့ ၂၃၀ ရှိတယ်။ ပြည်သူတစ်ဦး လက်နက်ကြီး ထိမှန်တယ်လို့တော့ ကြားတယ်။ အတည်မပြုနိုင်သေးဘူး” ဟုဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောကြားသည်။

လတ်တလောတွင် သပြေအေးရွာသားများအပါအဝင် ကျောက်ပြုတ်၊ မိုးကောင်း၊ အိုးဖိုရွာများရှိ ရွာသူ/သားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

Photo Credit – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article