33 C
Yangon

စစ်ကောင်စီ ဝင်ငွေရနေသည့် မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်များ မရောင်းချရန် YUG ထပ်မံသတိပေး ပြည်သူများပါ သတင်းပေး တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အကြမ်းဖက် စစ်ကောင်စီ ဝင်ငွေရနေသည့် မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်းများ မပြုလုပ်ရန် ရန်ကုန် မြို့ပြ ပျောက်ကြား တပ်ဖွဲ့ (Yangon Urban Guerrillas – YUG)က ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထပ်မံ သတိပေးခဲ့ပြီး ပြည်သူများပါ သတင်းပေး တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YUG အနေဖြင့် မြန်မာဘီယာ ရောင်းချနေသည်ဟု သတင်းအခိုင်အမာရထားသော ဆိုင်များထံ သတိပေးစာများ ပို့ထားပြီး အဆိုပါ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာဘီယာ ဆက်လက်ရောင်းမည် မဟုတ်ကြောင်း တင်ပြ အာမခံရမည်ဖြစ်ပြီး မြန်မာဘီယာ အပါအဝင် စစ်တပ်ထုတ်ကုန်များ ဆက်လက်ရောင်းချနေသော စားသောက်ဆိုင်များ၊ စတိုးဆိုင်များကို ပြည်သူများမှ တွေ့ရှိခဲ့လျှင် သတင်းပေးတိုင်ကြားပါရန် နှိုးဆော်အပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုင်ကြားရာတွင် ပြည်သူများ အနေဖြင့် Yangon Urban Guerrillas – YUG Facebook page နှင့် YUG Telegram တို့တွင် တိုင်ကြားနိုင်ကြောင်း သိရသည်။

Video credit – Yangon Urban Guerrillas – YUG

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article