ရန်ကုန်၊ မတ် ၈
ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင် ရန်ကုန်မြို့မှ အမျိုးသမီးလူငယ်များက “တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ” ဟူသောစာသားနှင့် ဘက်လိုက်မှုတွေချက်ချင်းရပ် အာဏာရှင်စနစ် အမြစ်ဖြတ် ဟူသော စာသားများကိုင်ဆောင်ကာ ရန်ကုန်မြို့တစ်နေရာ၌ ချီတက်ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။
ထို့အပြင် ဆန္ဒပြသပိတ်မှောက်သူလူငယ်များမှ အဖိနှိပ်ခံယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကိုလည်း ပြသခဲ့ကြသည်။
မြန်မာ့နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည်လည်း စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းများတွင် ကဏ္ဍပေါင်းစုံမှပါဝင်လျက်ရှိသည်။
ယင်းစစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ်စစ်ကြောင်းအား Yangon Revolution Force – YRF (Soft Strike Community)၊ Rangoon Empire – RGE နှင့် အခြေခံကျောင်းသားရေးရာအဖွဲ့ခွဲ အင်အားစုမှ လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။
Photo – HHP