30.3 C
Yangon

Telenor Myanmar ကို M1 Groupနှင့် ရွှေဗျိုင်းဖြူ ဖက်စပ်ကုမ္ပဏီ Investcom သို့ ရောင်းချမှု စစ်ကောင်စီ အတည်ပြု ၊ တယ်လီနောပိုင်ရှင်သစ်အဖြစ် စစ်တပ်၏ မိတ်ဖက် ခရိုနီသိန်းဝင်းဇော်ဖြစ်လာ

Must read

ရန်ကုန်၊ မတ် ၁၈

Telenor Myanmar ကို စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်နှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom သို့ရောင်းချခြင်းမှုကို အကြမ်းဖက် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယနေ့ အတည်ပြု လိုက်ပြီဖြစ်ကြောင်း M 1 Group က ရန်ကုန်ခေတ်သစ်ထံသို့ ပေးပို့သော တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

Telenor Group မှ ၎င်း၏ Telenor Myanmar လုပ်ငန်းကို M1 Group ၏မိတ်ဖက်လုပ်ငန်းဖြစ်သည့် Investcom PTE Ltd. ထံ ရောင်းချခြင်းဆိုင်ရာလျှောက်တင်လွှာအား အတည်ပြုကြောင်း M1 Group ကို အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေးအကြောင်းကြားလာကြောင်း M1 Group က အတည်ပြုသည်။

M1 Groupက လုပ်ငန်းလွှဲပြောင်းရယူမှုကို အမြန်ဆုံးအပြီးသတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

M1 Group သည် Telenor Group ၏မြန်မာလုပ်ငန်းခွဲအားဝယ်ယူရန်အတွက် ကနဦးသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့ပြီး ၇ လအကြာတွင် အလုံးစုံ တရားဝင်အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။

M1 Group သည် ပိုင်ဆိုင်မှုကိုလွှဲပြောင်းရယူမည့် လုပ်ငန်းသစ်တစ်ခုဖြစ်သည့် Investcom မှ တစ်ဆင့် စစ်တပ်၏ ခရိုနီ သိန်းဝင်းဇော်ပိုင် Shwe Byain Phyu (SBP) Group နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။

တယ်လီနော်ကို ဝယ်ယူလိုက်သည့် Investom PTE Ltdသည် M1 Group နှင့် Shwe Byain Phyu (SBP) Group တို့ပူးပေါင်းလုပ်ဆောင်သည့် joint venture (JV) လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Telenor Myanmar လုပ်ငန်းကို ၂၀၂၂ ပထမနှစ်ဆန်းပိုင်းတွင် စတင်လွှဲပြောင်းရယူခဲ့ကြောင်း သိရှိရသည်။

Telenor Myanmar ကို စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom တွင် အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူကုမ္ပဏီက ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- တယ်လီနောမြန်မာပိုင်ရှင်အသစ် စစ်တပ်၏မိတ်ဖက် ခရိုနီ သိန်းဝင်းဇော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article